သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ သနပ်တန်းရွာရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူစစ်အဖွဲ့တွေက လုံခြုံရေးပေးနေတဲ့ လောင်းကစားဝိုင်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးချိန် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဝေါမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
ဇွန် ၁၆ ရက်မနက် ၂ နာရီကျော်လောက်မှာ ကျီးပင်စုရွာပြည်သူ့စစ်ခေါင်းဆောင် ရဲမင်းထွန်း ဦးဆောင်ဖွင့်လှစ်ထားတဲ့လောင်းကစားဝိုင်းကို တော်လှန်ရေးအဖွဲ့ကဝင်ဖမ်းချိန် လုံခြုံရေးယူနေတဲ့ စစ်သားနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးတို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
"ပြည်သူတွေ သတင်းပေးလို့ ဝင်ဖမ်းတာ။ စကစအဖွဲ့တွေကလည်း ကစားနေသူတွေကြားထဲ ရောနေတာဆိုတော့ ပစ်ခတ်ဝင်လို့အဆင်မပြေတာကြောင့် သေနတ်မိုးပေါ်ထောင်ဖောက်လိုက်တာ။ အဲ့အချိန် အကုန်ထွက်ပြေးကြတာ။ စကစနဲ့ပြည်သူစစ်အဖွဲ့တွေရောပဲ။ သူတို့ပြေးလို့ ခပ်လှမ်းလှမ်း ရောက်မှ ကျနော်တို့ဘက်ကို ပြန်လှည့်ပစ်တာ။ အဲဒီတော့ ကျနော်တို့ဘက်ကလည်း ပြန်ပစ်ရတာ"လို့ ဝေါမြို့နယ်ပကဖတာဝန်ခံကပြောပါတယ်။
အဲ့ဒီနေရာမှာ လောင်းကစားဝိုင်းပြုလုပ်နေတာ ၁ လနီးပါးရှိနေပြီး လောင်းကစားဝိုင်းကြောင့် သနပ်တန်းကျေးရွာနဲ့ အနီးအနားကျေးရွာမှာ ခိုးမှု၊ လုယက်မှုတွေများလာတဲ့အတွက် ဒေသခံတွေက အရေးယူပေးဖို့ တိုင်ကြားလာတာကြောင့် ဝင်ရောက်ဖမ်းဆီးရတာလို့ ဆိုပါတယ်။
၁၀ မိနစ်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ရပစ်ခတ်မှုအတွင်း လောင်းကစားဝိုင်းထဲက အမျိုးသားတဦး ပေါင်ကျည်ထိဒဏ်ရာရခဲ့ပြီး ဖမ်းဆီးမိတဲ့အရပ်သားတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် စစ်သားနဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုအခြေနေကိုစုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ဝေါမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။
အဲ့ဒီလောင်းကစားဝိုင်းလုပ်ဖို့ ပြည်သူစစ်ခေါင်းဆောင် ရဲမင်းထွန်းက သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်အဖွဲ့၊ မြို့မနယ်မြေရဲစခန်း၊ စစ်ကောင်စီအဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ကျပ်သိန်း ၂၀၀ ကျော် ပေးထားရတာလို့ ဆိုပါတယ်။
ဒီဖမ်းဆီးမှုကို ဝေါမြို့နယ်ပကဖ၊ သနပ်ပင်မြို့နယ်ပကဖနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပုံစာ - လောင်းကစားဝိုင်းကို ဖမ်းဆီးဖို့ ပြင်ဆင်နေသည့် ကာကွယ်ရေးရဲဘော်များ။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #သေနတ်ပင် #စစ်တပ် #ပြည်သူ့စစ် #လောင်းကစားဝိုင်း
Share Share Share