သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆောမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ပြည်သူ ၂ ဦး ထိခိုက်သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဆောမြို့ “ယောမင်းကြီး ဦးဘိုးလှိုင် “ခန်းမမှာ တပ်စွဲနေတဲ့ စစ်အုပ်စုက နိုဝင်ဘာ ၄ ရက် ဒီကနေ့မနက် ၈ နာရီကျော်လောက်မှာ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ဆောမြို့အတွင်း ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
“သူတို့တွေ မြို့ထဲလာတော့ ပြည်သူတွေက ရှောင်ချိန်မရလိုက်ဘူး။ အိမ်ထဲမှာ ပုန်းနေရင်းထိသွားတာ။ နေအိမ်တွေထိခိုက်တာတော့ ရှိနိုင်တယ်။ အတိအကျတော့ မသိရဘူး။” လို့ ဆောမြို့ခံတဦးက ပြောပါတယ်။
လက်နက်ကြီးအစထိမှန်လို့ ဇေယျာရပ်ကွက်နေထိုင်သူ အသက် ၆၀ ဝန်းကျင်အရွယ် ဦးဖိုးဌေးနဲ့ အသက် ၂၀ ကျော်အရွယ် ညီအစ်မ ၂ ဦး ထိမှန်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေထဲက ဦးဖိုးဌေးနဲ့ ညီအစ်မ ၂ ဦး အနက် အမကြီးဖြစ်သူတို့မှာ ရရှိဒဏ်ရာတွေနဲ့ ဒီကနေ့ နေ့လယ်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေ ဆောမြို့ထဲရောက်ရှိနေချိန် ဗိုလ်ချုပ်လမ်းမပေါ်မှာ ဆိုင်ကယ်အရှိန်ပြင်းမောင်းနှင်လာတဲ့ ချင်းအမျိုးသား ၁ ဦးလည်း ဆက်သွယ်ရေးကြေးနန်းရုံးအနီးမှာ စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
“ သူကဆိုင်ကယ်ကို အကြမ်းမောင်းလာတဲ့အချိန် ပြည်သူတွေက အော်ဟစ်ပြီးတော့ တားသေးတယ်။ **တွေဆင်းလာပြီ မသွားနဲ့တားတဲ့အချိန် မကြားတာလား၊ သတိမပြုမိတာလားမသိဘူး မြို့ထဲမောင်းသွားတဲ့အချိန်မှာ အဖမ်းခံလိုက်ရတာ။”လို့ အထက်ပါမြို့ခံက ဆက်ပြောပါတယ်။
ဆောမြို့ထဲကို လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မနက် ၁၀ နာရီကျော်လောက်မှာတော့ ဖမ်းဆီးထားတဲ့ ချင်းအမျိုးသားခေါ်ဆောင်ပြီး ဦးဘိုးလှိုင်ခန်းမထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၃၁ ရက်ကမှာလည်း ဆောမြို့နယ် ကံချောင်းရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ဦးသာအေး ၊ ဦးကျော်မြင့် ၊ ဦးအောင်မင်းထွန်း ၊ မယွန်းဝတီ တို့ ၄ ဦးထိမှန်ဒဏ်ရာရရှိသွားသလို နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ပါသေးတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #ဆော #စစ်တပ် #ပစ်ခတ် #ဖမ်းဆီး
Share Share Share