စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဖြူး-အုတ်ဖြတ်လမ်းပိုင်း၊ အောက်ခုံကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေး ရဲဘော်တဦးဆီက သိရပါတယ်။ 

စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာ အုတ်ဖြတ်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိမှန်ကာ အောက်ခုံကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဒေါ်မြသန်း သေဆုံးခဲ့ပြီး၊ အမျိုးသားဖြစ်သူ ဦးအေး ၅၁ နှစ်၊ သားသမီးတွေဖြစ်တဲ့ မောင်ဖိုးလပြည့် ၇ နှစ်နဲ့ မရတနာဦး ၈ နှစ်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။  

အဲ့ဒီနေ့ ၁၂ နာရီခွဲလောက်မှာ ဖြူးမြို့ဘက်ကနေ အုတ်ဖြတ်တံတားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီ ရိက္ခာလာပို့တဲ့ကားကို ဒေသခံကာကွယ်ရေးတပ်တွေက ဖမ်းဆီးခဲ့ပြီးနောက်မှာ ခုလိုပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။  

"စကစရိက္ခာကားကို ဖမ်းလိုက်တယ်။ တပ်သား ၂ ဦးကို မိတယ်။ စစ်ဆေးမှုတွေလုပ်ပြီးတော့ ကားက မောင်းမရတော့လို့ ကားကိုထားခဲ့ရတယ်။ အဲ့ဒီအချိန်မှာ အုတ်ဖြတ်ဂိတ်က စကစအဖွဲ့က တော်လှန်ရေးအဖွဲ့တွေရှိတဲ့ဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတာ ရွာသားတွေကိုထိတာ။"လို့ မြေပြင်အခြေအနေကို သိရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

လက်နက်ကြီးထိမှန်လို့ ဒဏ်ရာရသေဆုံးသူတွေကိုတော့ ဒေသခံတွေက ဖြူးဆေးရုံကို ပို့ထားရပြီး ဆေးကုသမှူခံယူနေကြတယ်လို့ သူက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၄ ရက်ကလည်း စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဖြူးမြို့နယ်၊ ကြူအင်းကျေးရွာက အသက် ၈ နှစ်နဲ့ ၁၀ နှစ်အရွယ် မိန်းကလေး ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဖြူး #လက်နက်ကြီး #ပစ်ခတ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10