သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေ စခန်းချထားတဲ့နေရာကို တော်လှန်ရေးအဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးသေဆုံးပြီး လက်နက်နဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက နိုဝင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁ ရက်မှာ စစ်ကောင်စီနဲ့ပျူစောထီးအင်အား ၂၀ ခန့်ရှိတဲ့ အဲ့ဒီစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ကာ စစ်ကောင်စီဘက်က ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
"တိုက်ပွဲ ၁၅ မိနစ်လောက်ပဲကြာပြီး ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးကုန်ပါတယ်။ (စစ်အုပ်စုက) ရွာထိပ်နဲ့ ရွာဘေးတွေ ဘန်ကာဆောက်ပြီး နေကြတာပါ။ စခန်းသီးသန့်ပုံစံတော့ မဟုတ်ပါဘူး။ စကစတွေက အရိုးကိုက် **လောက်ပဲ နယ်မြေစောင့်ချထားတဲ့ အနေအထားပါ။"လို့ မြေပြင်တိုက်ခိုက်ရေးပါ ရဲဘော်တဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့စခန်းအထိကို မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေက ရောက်ရှိခဲ့ပေမယ့် ကျေးရွာအတွင်း မဆိုင်တဲ့နေအိမ်တွေပါ မီးကူးစက်လောင်ကျွမ်းနိုင်တာကြောင့် စခန်းကိုတော့ မီးမရှို့ခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး G3 အမျိုးအစား သေနတ် ၁ လက်၊ G3 ကျည် ၁၇၄ တောင့်၊ G3 ကျည်ဘောက် ၃ ခု၊ ကိုးလုံး ကျည် ၂၉ တောင့် နဲ့ အခြားလက်လုပ်သေနတ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒို တပ်ရင်း၊ ရိုးမ ၂ စစ်ကြောင်းနှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲပြီးသွားပြီးနောက် အထိနာသွားတဲ့ စစ်ကောင်စီတပ်က ဆင်ရိုးခင်ကျေးရွာထဲကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၁ ရက်မှာလည်း ကျောက်တံခါးမြို့နယ်၊ ကျွန်းချောင်းကျေးရွာမှာ သန်းခေါင်စာရင်း ကောက်လာတဲ့ စစ်ကောင်စီအဖွဲ့မိုင်းဆွဲခံရပြီး စခန်းမှူးပါ ရဲ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ရေတာရှည် #စစ်ကောင်စီ #တော်လှန်ရေးတပ်ဖွဲ့ #တိုက်ခိုက်
Share Share Share