မုံရွာ - မန္တလေး လမ်းပေါ်က စစ်အုပ်စုတပ်စွဲနေတဲ့ နတ်ရေကန်စခန်း ဒရုန်းနဲ့ဗုံးကြဲခံရလို့  ၃ ဦးသေဆုံး (ရုပ်/သံ)

ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ - မန္တလေးအဝေးပြေးလမ်းပေါ်က စစ်ကောင်စီအထိုင်ချထားတဲ့ နတ်ရေကန်အထိုင်စခန်းကို PDF ပူပေါင်းအဖွဲ့က သြဂုတ် ၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မုံရွာ အမှတ် ၈ တပ်ရင်းဆီက သိရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲရာမှာ အတွင်းသတင်းပေးအရ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရကာ မုံရွာဆေးရုံကို သယ်သွားတယ်လို့  မုံရွာ အမှတ် ၈ တပ်ရင်း ဒရုန်းအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

စစ်အုပ်စု နတ်ရေကန်အထိုင်စခန်းမှာ အင်အား ၆၀ ဝန်းကျင်နဲ့  မုံရွာ - မန္တလေးအဝေးပြေးလမ်းပေါ်မှာ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေနဲ့ အခိုင်အမာ အထိုင်ချတပ်စွဲနေပြီး ခရီးသွားကားတွေကို ငွေကြေးကောက်နေတဲ့ စခန်းတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် နတ်ရေကန်စခန်းဝန်းကျင်ကို ချောင်းဦးမြို့ထဲက စစ်ကောင်စီတပ်တွေနဲ့ အင်အားဖြည့်ထားတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ  မုံရွာခရိုင်အမှတ် ၈ တပ်ရင်း၊ BlackEagleDefenceForce-MMU၊ TGYR-YouthGueerrilla Counter Revolution (ငါန်းဇွန်)၊ မြင်းမူမြို့နယ် ပကဖ၊ ရေနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ချောင်းဦး #နတ်ရေကန် #စစ်အုပ်စု #အထိုင်စခန်း #ဒရုန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10