သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့ ခလရ ၂၅၆ က ထွက်လာတဲ့ စစ်ကြောင်းကို ညောင်စောက်ကျေးရွာနဲ့ မဲကုန်းကျေးရွာအကြားမှာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲပြီး ဒရုန်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၃ ရက် နေ့လယ်၁ နာရီခွဲမှာ စစ်ကောင်စီအင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းကို မိုင်း ၄ လုံးဆွဲခဲ့တဲ့အပြင် ဒရုန်းနဲ့ အီနာဂါ ၂ လုံးကြဲချတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကဆိုပါတယ်။
ရဲဘော်တွေဘက်က အထိအခိုက်မရှိပေမဲ့ ကာလတန်ဖိုး သိန်း ၁၀၀ ရှိတဲ့ Mavic 3 ဒရုန်းတစီးကို စစ်ကောင်စီဘက်က ပစ်ချတဲ့အတွက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းဆွဲခံရပြီး ခလရ ၂၅၆ စစ်ကြောင်းဟာ ရေစကြိုမြို့ပေါ်ကိုပြန်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၅ ရက်ကလည်း ရေစကြိုမြို့နယ် ဂွေးချိုရွာက ထွက်လာတဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ရေစကြို #ခလရ ၂၅၆ #စစ်ကြောင်း #တိုက်ခိုက်ခံရ #ထိခိုက် #ဒရုန်းပျက်စီး #PDF #ရုပ်သံသတင်း
Share Share Share