စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကို ကာကွယ်ဖို့ ဂန့်ဂေါမှာ မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း

စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကို ကာကွယ်ဖို့ ဂန့်ဂေါမှာ မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့မီးရှို့ဖျက်ဆီးမှုကို ကာကွယ်နိုင်ဖို့အတွက် မီးငြိမ်းသတ်ရေးနဲ့ ရှာဖွယ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဖေဖော်ဝါရီလ ၂၃ ရက် မနေ့ကစတင်ကာ မြို့နယ်အဆင့် အင်အား ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာလို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“မီးဘေးလုံခြုံရေးတွေ ပြင်ဆင်ဖို့၊ ကြိုတင်ကာကွယ်နိုင်ဖို့၊ အချိန်မှီကာကွယ်တာတို့ ငြိမ်းသတ်တာတို့ လုပ်နိုင်ဖို့အတွက် မြို့နယ်အဆင့် ၁၅ ယောက်နဲ့ ဖွဲ့စည်းထားတာ၊ မီးရှို့ခံရပြီဆိုရင် မီးသတ်တာတွေ အချိန်နဲ့တပြေညီ လုပ်သွားမယ်” လို့  ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ရှေ့ဆက်ပြီးတော့လည်း ကျေးရွာတွေမှာ အရံမီးသတ်တွေ ထပ်ဖွဲ့သွားဖို့ အစီအစဉ် ရှိတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့လို့ ၂ နှစ်တာ ကာလအတွင်း အိမ်ခြေ ၈၂၀ မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၃ ထောင်ကျော် မီးဘေးသင့်ပြီး အခက်အခဲတွေနဲ့ ကြုံနေရတာလို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10