စစ်အုပ်စု အထိုင်ချထားတဲ့ ရဲစခန်းနဲ့ စာသင်ကျောင်းကို PDF တွေ တပြိုင်တည်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က မြို့မရဲစခန်းနဲ့ အထက ၁ ကျောင်းဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ရဲတွေကို အောက်တိုဘာ ၁၇ ရက် မနက်အစောပိုင်းက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F အဖွဲ့ဆီက သိရပါတယ်။

မြို့မရဲစခန်းနဲ့ အထက ၁ စာသင်ကျောင်းဟာ ကပ်လျက်ရှိပြီး ရဲစခန်းထဲမှာ ရဲအင်အား၂၀လောက်နဲ့ အထက ၁ ကျောင်းထဲမှာတော့ တပ်မ ၃၃ က စစ်သားအင်အား ၆၀ ခန့် တပ်စွဲထားတာလို့ ဆိုပါတယ်။

အဲဒီရဲစခန်းနဲ့ အထက ၁ စာသင်ကျောင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၇ ရက် မနက် ၁ နာရီခန့်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မီတာ ၁၅၀ အကွာက တပြိုင်နက် တိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ Moe Nyo Revolution Force M.N.R.F ရဲ့တပ်မှူး မိုးညိုက ပြောပါတယ်။

နာရီဝက်လောက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိနိုင်ကာ ကာကွယ်ရေးတပ်တွေလည်း ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F ရဲ့တပ်မှူးမိုးညိုက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မနက် ၁၁ နာရီခန့်မှာတော့ အထက ၁ စာသင်ကျောင်းအတွင်းကို စစ်ကောင်စီဘက်က ကား ၈ စီးနဲ့ အင်အားလာဖြည့်ထားတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F ၊ Dog Killers People's Defence Force Myinmu (DKPDF-MMU) နဲ့ စစ်ကိုင်းမြို့နယ် တိုက်ခိုက်ရေးတပ်ခွဲ ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #တိုက်ပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10