စစ်အုပ်စု ရိက္ခာသယ်လမ်းကြောင်းကို လုံခြုံရေးယူနေတဲ့ စစ်သားတွေ မိုင်းဆွဲခံရ

စစ်အုပ်စု ရိက္ခာသယ်လမ်းကြောင်းကို လုံခြုံရေးယူနေတဲ့ စစ်သားတွေ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ - ပုသိမ်လမ်းပိုင်းရှိ ၁၆ ကုတင်ဆေးရုံဟောင်းအနီးမှာ ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။  

ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မနက် ၇ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက မိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး၊ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ ၁ Brother Defense Force မှ ဗိုလ်နေလအောင်က မြေလတ်အသံကို ပြောပါတယ်။

“မုံရွာ-ပုသိမ် လမ်းတလျှောက်မှာ ကင်းပုန်းဝတ်နေကြတာ၊ အဲဒီကင်းပုန်းဝတ်တဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ ၂ ယောက်ကတော့ ပွဲခြင်းပြီး သေတယ်။ ၅ ယောက်ကတော့ တော်တော်လေး ပြင်းထန်ဒဏ်ရာရတယ်။ အဲဒါကို အတွင်းသတင်းပေး ဖရဲသီးက လှမ်းပို့တာ” လို့ ပြောပါတယ်။  

အဲ့ဒီစစ်သားတွေဟာ မုံရွာအခြေစိုက် နမခ တပ်က စစ်သားတွေ ဖြစ်နိုင်တယ်လို့ ကာကွယ်ရေး ရဲဘော်တွေက ခန့်မှန်းထားပြီး၊ ထိခိုက်သေဆုံး စစ်သားတွေကိုတော့ ဆားလင်းကြီးနယ်ထဲက မိုင်းဆေးရုံကို သယ်သွားကြတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီစစ်သားတွေဟာ ရိက္ခာသယ်တဲ့ကားတွေကို လုံခြုံရေးယူတဲ့အနေနဲ့ ကင်းပုန်းဝပ်နေကြတာ ဖြစ်ပြီး၊ လက်ရှိအချိန်ထိ အဲ့ဒီနေရာမှာ စစ်သားအချို့က ကင်းပုန်းဝပ်နေဆဲ ဖြစ်တယ်လို့ ဗိုလ်နေလအောင်က ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ် ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force အဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10