စဉ့်ကူးမြို့နယ်က ထုံးကြီးရဲစခန်းကို PDF တွေထပ်သိမ်း၊ ၂ ရက်အတွင်း စခန်း ၂ ခုသိမ်းထားခြင်းဖြစ်

စဉ့်ကူးမြို့နယ်က ထုံးကြီးရဲစခန်းကို PDF တွေထပ်သိမ်း၊ ၂ ရက်အတွင်း စခန်း ၂ ခုသိမ်းထားခြင်းဖြစ်

စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းနိုင်ပြီး စစ်သုံ့ပန်း ၅၀ ကျော်ဖမ်းမိကာ ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ စဉ့်ကူးမြို့နယ် ပကဖဆီကနေ သိရပါတယ်။

ဇူလိုင် ၁၇ ရက် ညနေပိုင်းမှာ မြို့နယ်ပကဖနဲ့ စဉ့်ကူးတပ်ရင်းတွေက ဝင်သိမ်းခဲ့တာဖြစ်ပြီး ဇူလိုင် ၁၈ ရက် ဒီနေ့ မနက် ၉ နာရီလောက်မှာ စခန်းသိမ်းနိုင်လိုက်တာလို့ သိရပါတယ်။

"ဖမ်းမိတဲ့သူတွေရှိသလို၊ သံခွန်နဲ့ထွက်ပြေးသွားကြသူတွေလည်းရှိတယ်။ ဖမ်းမိတဲ့အထဲက အများစုက ပျူတွေပါ။ ထုံးကြီးအနီးက ရွာသာယာပျူရွာရှိတော့ အဲဒီကို ထွက်ပြေးသွားတယ်" လို့ မြို့နယ် ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

အဲဒီရွာသာယာပျူရွာကိုလည်း လက်နက်ချဖို့ ညှိုနှိုင်းထားပေမယ့် အခုထိအကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။

ထုံးကြီးကျေးရွာကို မတိုက်ခိုက်ခင်ကလည်း တော်လှန်ရေးတပ်တွေက လက်နက်ချဖို့ညှိုနှိုင်းခဲ့ပေမယ့် အသေခံတိုက်မယ်လို့ အကြောင်းပြန်ကာ  PDFတွေ မလာနိုင်အောင် ကျေးရွာတွေကိုဆက်ထားတဲ့ တံတားကို ၎င်းတို့က ချိုးပစ်ခဲ့တယ်လို့သိရပါတယ်။

ထုံးကြီးကျေးရွာရဲစခန်းဟာ ဧရာဝတီမြစ်ကြောင်းအတွင်း စစ်ကောင်စီအဓိကအားထားရတဲ့စခန်းတခုဖြစ်ပြီး အနီးနားက ကျေးရွာတွေကို မီးရှို့တာနဲ့ ဒေသခံပြည်သူတွေကို သတ်ဖြတ်မှုများစွာ ကျူးလွန်ထားတဲ့စခန်းဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ မေလကပဲ ထုံးကြီးကျေးရွာကို အဝင်ထွက်ပိတ်ပြီး အသက် ၁၆ နှစ်ကနေ အသက် ၈၅ အထိ အမျိုးသား တွေကို စစ်မှုမထမ်းမနေရခေါ်ပြီး သေနတ်အလက် ၁၀၀ ချထားပေးခဲ့သလို ဇူလိုင် ၈ ရက်ကလည်း ရဟတ်ယာဥ်နဲ့ လက်နက်တွေထောက်ပံ့ပေးခဲ့ပါသေးတယ်။

မနေ့ကလည်းထုံးကြီးရဲ့အရှေ့ဘက်က ရေတော်ပျူစောထီးစခန်းသိမ်းဆည်းခံခဲ့ရပါသေးတယ်။

ပုံစာ-ထုံးကြီးရွာဆီသွားတဲ့ တောင်အင်းရွာအနီးကတံတား အချိုးခံထားရပုံ။ 

သတင်း-N၊ စာတည်း-လင်းဇေ

#မြေလတ်အသံ

#စဥ့်ကူးမြို့ #ထုံးကြီးကျေးရွာ #ထုံးကြီးရဲစခန်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #စစ်သုံ့ပန်း #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10