သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကျေးရွာ ၈ ရွာကို စစ်အုပ်စုက မေ ၂၄ ရက်က စတင်မီးရှို့ကာ အနီးတဝိုက်က ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် အရပ်သားထောင်ချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဒီစစ်ကြောင်းဟာ အင်အား ၁၅၀ ဝန်းကျင်ရှိပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေကြတယ်လို့လည်း ဝက်လက်အခြေစိုက် Bo Tiger - People Defense Force အဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းအထိ သဲအင်းရွာကို မီးထပ်ရှို့ကာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ခုခံတိုက်ခိုက်နေရာ စစ်ကောင်စီဘက်က ၁၇ ယောက်ခန့် သေတယ်လို့လည်း ဆိုပါတယ်။
၂၅ ရက်နေ့ ညနေ ၅ နာရီကျော်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ကြက်တူရွေး၊ သဲအင်း၊ ကျွန်းကြီး၊ ပေါက်ကုန်းကျေးရွာတွေဘက်ကို လာရောက်ဗုံးကြဲခဲ့တာကြောင့် သဲအင်းကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတို့ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ယခုအချိန်အထိ မီးလောင်သွားတဲ့ရွာတွေဖြစ်တဲ့ ဝက်ပေါင်၊ တမာကုန်း၊ ပေါက်ကုန်း၊ ကြက်တူရွေး၊ မြစ်ကန်းကြီး၊ သဲအင်း၊ ကျွန်းတော် နဲ့ ကျွန်းကြီးရွာစတဲ့ရွာတွေက ဒေသခံပြည်သူ ၈ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
တည်းဖြတ် - ဇို
#မြေလတ်အသံ
#မန္တလေးတိုင်း #စဉ့်ကူး #မီးရှို့ #သဲအင်း #လေယာဥ် #ဗုံးကြဲ #တိုက်ပွ