စဉ့်ကူးနယ်က ရွာ ၂ ရွာကို ရဟက်ယာဥ်နဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံး

စဉ့်ကူးနယ်က ရွာ ၂ ရွာကို ရဟက်ယာဥ်နဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနဲ့ ချောင်းကြီးကျေးရွာကို စစ်ကောင်စီ ရဟက်ယာဥ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၅ ရက်ညနေ ၆ နာရီလောက်မှာ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်ကို ဗုံး ၄ လုံး ကြဲချခဲ့တာကြောင့် Transfer ၁ ခုနဲ့ နေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်။ 

"စက်သေနတ်တွေနဲ့လည်းပစ်သွားတယ်။ အဲ့ဒါအပြီး ကျောက်မြောင်းတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် သြဂုတ် ၆ ရက်ဒီမနက် ၂ နာရီခွဲလောက်မှာလည်း လက်ပန်လှကျေးရွာရှိ ငြိမ်းချမ်းအောင်ရပ်ကွက်ထဲကို ဗုံးကြဲချခဲ့တာကြောင့် အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပါတယ်။ 

အဲ့ဒီနောက် လက်ပန်လှရွာအနီးက ချောင်းကြီးကျေးရွာကိုလည်း အဲဒီရဟတ်ယာဥ်ကပဲ ဆက်တိုက် ဗုံးကြဲခဲ့ကာ ပျက်စီးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ 

သြဂုတ်လအတွင်း စစ်ကောင်စီဘက် မန္တလေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်လာပြီး သြဂုတ်လ ၄ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာနဲ့ ကံတောင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ပါသေးတယ်။

ပုံစာ - ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂ ရက်က စဥ့်ကူးနယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီရဟတ်ယာဉ်တစီးအား တွေ့ရစဉ်။

သတင်း - N၊ စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #စဉ့်ကူး #လက်ပန်လှ #လေကြောင်းတိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10