စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်တွေထိန်းထား

စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်တွေထိန်းထား

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီး မြို့ပေါ်က အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံနဲ့ စာသင်ကျောင်း ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၄ ရက်က မြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့ စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၁၅ ရက်မှာ အလုံးစုံသိမ်းပိုက်ထားနိုင်သလို သုံ့ပန်း ၁၀၀ ကျော်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်စစ်တပ်က မီးလောင်ဗုံးတွေအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သလို စစ်သားတွေက တပ်ပြန်ဆုတ်ပြေးရင်း အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်ကို မီးရှို့ခဲ့တာကြောင့် အဲဒီရပ်ကွက်တွေက နေအိမ် ၁၀၀ ကျော်လောက် မီးလောင်ခဲ့တာလို့သိရပါတယ်။

"မြို့က ထိန်းထားနိုင်တယ်။ မီဒီယာမှာ သတင်းတွေတက်ပြီး ဒီကောင်တွေက မြေပြင်မတိုက်ဘဲ လေကြောင်းပဲတိုက်လို့ မြို့ကပျက်စီးသွားတာ။ အရင်နေ့တွေထဲက PDF အလံထောင်ထားပြီးသား"လို့ ဒေသခံတဦးကပြောပါတယ်။

ဒါပေမဲ့ နယ်မြေရှင်းလင်းရေး မလုပ်ရသေးတာကြောင့် ဒေသခံတွေကိုတော့ မြို့ထဲပေးမဝင်ဘူးလို့ သိရပါတယ်။

စဉ့်ကူးနဲ့ကျောက်မြောင်းကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတားလည်း ဖျက်ဆီးခံထားရပြီး အဲဒီလမ်းက ဖြတ်သန်းလို့ မရဘူးလို့လည်း သိရပါတယ်။

ပုံစာ - စစ်ကောင်စီဗုံးကြဲလို့ ပျက်စီးသွားသည့် စဉ့်ကူးမြို့ပေါ်က လူနေအိမ်များ။ 

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #မြို့သိမ်းတိုက်ပွဲ #လေကြောင်းတိုက်ခိုက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10