စဉ့်ကူးမြို့ပေါ်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲလို့ ၄ ဦးဒဏ်ရာ

စဉ့်ကူးမြို့ပေါ်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲလို့ ၄ ဦးဒဏ်ရာ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့ကို မနေ့က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေ ထိခိုက်ဒဏ်ရာရထားပြီး ကားလမ်းတွေလည်းပိတ်ထားတာကြောင့် ဒဏ်ရာရသူတွေကို ဆေးကုသခွင့်ရဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၉ ရက် မနေ့က မနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ စစ်တပ်က Y-12လေယာဥ်နဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့ပေါ်ကအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး စဉ့်ကူးမြို့၊ သစ္စာအောင်မြေဘုန်းကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတဦးအပြင်းအထန်ဒဏ်ရာရကာ တခြားဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

"ဘုန်းကြီးကျောင်းထဲကို စစ်ရှောင်လာတဲ့သူတွေလို့ သိရပါတယ်။ သွေးထွက်လွန်နေတာ။ မန္တလေးဆေးရုံကြီး ကိုသွားဖို့ ကားလမ်းတွေအကုန်ပိတ်ထားတော့ ဒီအတိုင်းထားရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရထားသူ ၄ ဦးရှိပြီး စဉ့်ကူးဆေးရုံကြီးကလည်းကုသမပေးသလို ကျောက်မြောင်းစစ်တပ်ဂိတ်ကလည်း လမ်းဖွင့်မပေးတာကြောင့် ဆေးကုသဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မန္တလေး-မိုးကုတ်ကားလမ်းပိတ်ထားသလို ကျောက်မြောင်းတံတားကိုဖြတ်ပြီး ရွှေဘိုမြို့နယ်ဘက်ကနေ မန္တလေးဘက်ကို လာတဲ့လမ်းကြောင်းကိုလည်း ကျောက်မြောင်းတံတားစောင့်တဲ့တပ်က ပိတ်ထားတာ ၁ ပတ်ခန့်ရှိပြီလို့သိရပါတယ်။

စစ်ကောင်စီက စဉ့်ကူးမြို့နယ်ကို အကြိမ်ကြိမ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ဇူလိုင် ၃ ရက်ကလည်း လက်ပန်လှကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပါသေးတယ်။

ပုံစာ - စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် ဒဏ်ရာရသွားသည့် စဉ့်ကူးမြို့ပေါ်က အမျိုးသမီးတဦး။ 

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့ #စစ်ကောင်စီ #လေကြောင်း #စစ်ရှောင် #ဆေးရုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10