စည်ပင်အမှိုက်ပုံမီးလောင်ရာက နေအိမ် ၁၂ လုံး မီးကူးစက်လောင်ကျွမ်း

စည်ပင်အမှိုက်ပုံမီးလောင်ရာက နေအိမ် ၁၂ လုံး မီးကူးစက်လောင်ကျွမ်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာမှာ အမှိုက်ပုံမီးလောင်ရာက နေအိမ် ၁၂ လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၆ ရက် မနက် ၃ နာရီ ၄၅ မိနစ်ခန့်မှာ ညောင်ပင်စောက်ကျေးရွာအနီးရှိ စည်ပင်အမှိုက်ပုံကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

"မီးက အမှိုက်ပုံကလောင်တာဆိုတော့ တနေကုန်နေပူထားတော့ အပူဒဏ်ကြောင့် လောင်စာဖြစ်မယ့်ဟာကနေ မီးထလောင်တာနေမယ်။ မီးလောင်ချိန် လေတိုက်အားကလည်း ကောင်းနေလို့ နေအိမ်တွေပါကူးသွားတာ"လို့ ဒေသခံတဦးကပြောပါတယ်။

မီးလောင်မှုကြောင့် အမှိုက်ပုံအနီးရှိ သွပ်မိုး၊ ထရံကာနေအိမ် ၁၂ လုံးမီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်တာတော့မရှိဘူးလို့ သိရပါတယ်။

မီးလောင်ရာနေရာကို အမရပူရမီးသတ်အပါအဝင် မြို့နယ်စုံမီးသတ်အဖွဲ့ဝင်တွေနဲ့ဒေသခံပြည်သူတွေက ၈ နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရပြီး နေ့လယ် ၁ နာရီကျော်မှ မီးထိန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၅၀ ဦးခန့်ကတော့ နီးစပ်ရာနေအိမ်တွေမှာ ယာယီ မှီခိုနေထိုင်နေကြရပါတယ်။

ဇန်နဝါရီလ ၂၀ ရက်ကလည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ရွှေလှိူင်းကျေးရွာမှာ ထင်းမီးဖိုကနေတဆင့် နေအိမ်မီးလောင်ပြီး ၁၅ ရက်သားအရွယ်ကလေးငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #အမရပူရ #မီးလောင် #နေအိမ် #ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10