စလင်းမြို့မရဲစခန်း အရာရှိအဆောင် ဒရုန်းနဲ့ဗုံးကြဲခံရပြီး စခန်းမှူးအပါအဝင် ၅ ဦးဒဏ်ရာရ

စလင်းမြို့မရဲစခန်း အရာရှိအဆောင် ဒရုန်းနဲ့ဗုံးကြဲခံရပြီး စခန်းမှူးအပါအဝင် ၅ ဦးဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့ မြို့မရဲစခန်းကို ဩဂုတ် ၁၀ ရက်က ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။

ဩဂုတ် ၁၀ ရက် မနက် ၇ နာရီခန့်က ဒရုန်းနဲ့ ဗုံးသီး ၁ လုံးကြဲချရာမှာ မြို့မရဲစခန်းအတွင်းရှိ အရာရှိအဆောင်ပေါ် ကျရောက်ခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အရာရှိအဆောင်အပေါ် ဗုံးကျပေါက်ကွဲခဲ့တာကြောင့် စလင်းမြို့မရဲစခန်း စခန်းမှူးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို သေနိုင်တဲ့အနေအထားထိရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ 

အဲဒီ စလင်းမြို့မရဲစခန်းမှာက ရဲဝန်ထမ်း ၃၀ ဝန်းကျင်ရှိပြီး တခါတရံ စလင်းမြို့ ခလရ ၂၅၃ ၊ ခလရ ၂၅၄ ၊ ခလရ ၂၅၅ က စစ်သားတွေလည်း လာနေတတ်တယ်လို့ သိရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲချိန်ခံရချိန်ပြီးနောက်မှာ စလင်းမြို့ပေါ် အဝင်အထွက်လမ်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ပြီး ပြည်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးရေးလုပ်တဲ့အပြင် တချို့နေရာတွေမှာဆိုရင် ရိုက်နှက်စစ်ဆေးတဲ့အထိ လုပ်နေကြတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊ မင်းဘူးခရိုင် တပ်ရင်း ၈ နဲ့ မင်းဘူးခရိုင် ဒရုန်းတပ်ဖွဲ့ ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #စလင်းမြို့ #မြို့မရဲစခန်း #ဒရုန်း #ဗုံးကြဲ #စခန်းမှူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10