စလင်းမှာ စစ်မှုထမ်းရန်နဲ့ ပျူစောထီးသင်တန်းတက်ရန် စည်းရုံးရေးဆင်းတဲ့ အမျိုးသားတဦး အသတ်ခံရ

စလင်းမှာ စစ်မှုထမ်းရန်နဲ့ ပျူစောထီးသင်တန်းတက်ရန် စည်းရုံးရေးဆင်းတဲ့ အမျိုးသားတဦး အသတ်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ ကျွဲခြံအုပ်စု၊ ကျွဲခြံရွာမှာ ပျူစောထီးသင်တန်းတက်ရောက်ကြရန်နဲ့ စစ်မှုထမ်းမှာ ပါဝင်စစ်မှုထမ်းကြရန် စည်းရုံးရေးဆင်းနေတဲ့ အမျိုးသားတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်းအဖွဲ့က မတ် ၂၆ ရက် ည ၉ နာရီခန့်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

အသတ်ခံရသူမှာ တညောင်တိုက်နယ်၊ ကျွဲခြံအုပ်စု၊ ကျွဲခြံရွာနေ အသက် ၅၀ နှစ်ကျော် ဦးအောင်မြင့်ဖြစ်ပြီး သူ့နေအိမ်မှာ သေနတ်နဲ့  ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - စလင်း သတင်းတာဝန်ခံက ဆိုပါတယ်။ 

ဦးမြင့်အောင်ဟာ ကျွဲခြံရွာအတွင်း စစ်မှုထမ်းရန် စည်းရုံး‌ရေးဆင်းပေးတာတွေ၊ စစ်မှုထမ်းမတိုင်ခင် ပျူစောထီး သင်တန်းတက်ရန် စည်းရုံးရေးဆင်းပေးတာတွေ လုပ်ဆောင်နေတဲ့အတွက် ခုလိုရှင်းလင်းခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။ 

“စစ်မှုထမ်းဖို့အတွက် သူ့ရဲ့ အုပ်စုထဲမှာ စည်းရုံးရေးတွေ ဆင်းပေးနေတာ။ ပြီးတော့ စစ်မှုထမ်းမတိုင်ခင် ပျူစောထီးသင်တန်းတွေအတွက်လည်း သူ့ရဲ့အုပ်စုမှာ စည်းရုံးရေးတွေဆင်းပေးနေတာ။ ပြည်သူတွေရဲ့ တိုင်ကြားချက်အရ ပြည်သူတွေအပေါ် ဂုတ်သွေးစုပ်တဲ့လုပ်ရပ်တွေရှိတယ်” လို့ သူက ဆက်ပြောပါတယ်။ 

ဦးမြင့်အောင်ကိုရှင်းလင်းပြီးနောက် ပါဝါဘန့် ၁ လုံးနဲ့ ဖုန်း ၁ လုံး သိမ်းဆည်းယူခဲ့ပြီး ဖုန်းထဲက မှတ်တမ်းတွေအရ နေပြည်တော်က အရာရှိတွေနဲ့ ချိတ်ဆက်ထားတာတွေ့ရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #စလင်းမြို့ #တညောင်တိုက်နယ် #ကျွဲခြံရွာ #ပျူစောထီး #ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10