စာသင်ကျောင်းမှာကင်းစောင့်နေတဲ့ စစ်သားနဲ့ပျူတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

စာသင်ကျောင်းမှာကင်းစောင့်နေတဲ့ စစ်သားနဲ့ပျူတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းမှာ ကင်းစောင့်နေတဲ့စစ်သားနဲ့ပျူစောထီးတွေကို ဇူလိုင် ၅ ရက် မနက် ၁၀ နာရီခွဲခန့်မှာ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Myingyan Black Tiger - MBT တပ်ဖွဲ့ဆီက သိရပါတယ်။

ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ သုခဝတီ အထက ၁ ကျောင်းမှာ ကင်းစောင့်နေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ပြောက်ကျားနည်းနဲ့တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"ကျောင်းအပြင်မှာ ကင်းထွက်စောင့်နေတဲ့ ၃ ယောက်ကိုပစ်ခဲ့တာပါ။ စစ်သား ၁ ယောက်နဲ့ပျူ ၁ ယောက်သေတယ်။ ၁ ယောက်က ထွက်ပြေးသွားတယ်။ လက်နက်တွေ မရခဲ့ပါဘူး" လို့ MBT တပ်ဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲ ကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger -MBT နဲ့အတူ YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပလဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

တိုက်ခိုက်ခံရပြီးနောက် စစ်သားနဲ့ပျူစောထီးတွေဟာ အမှတ် ၈ ရပ်ကွက်အတွင်းက ဒေသခံပြည်သူတွေကို ရိုက်နှက်စစ်ဆေးသလို နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးကာ စက်လှေ ၇ စီးကိုလည်း အဓမ္မ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကလည်း ရေစကြိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို Myingyan Black Tiger-MBT အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - ရှေ့တန်းရောက် Myingyan Black Tiger - MBT ရဲဘော်တဦး။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ရေစကြို #စစ်ကောင်စီ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10