စိုက်ခင်းထွက် ကြက်သွန်နီတွေကို PDF တပ်ဖွဲ့တွေဆီပြန်လည်မျှဝေ

စိုက်ခင်းထွက် ကြက်သွန်နီတွေကို PDF တပ်ဖွဲ့တွေဆီပြန်လည်မျှဝေ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ဒေသခံတွေရဲ့ စိုက်ခင်းထွက် ကြက်သွန်နီတွေကို ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲမှာရှိတဲ့ ဒေသတွင်း PDF တပ်ဖွဲ့တွေဆီပြန်လည်ဝေမျှခဲ့တယ်လို့ သိရပါတယ်။

ဆာလင်းကြီးမြို့နယ်ထဲကကျေးရွာတရွာမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစတင်လို့ ကြက်သွန် ၊ ခရမ်း ၊ ကန်စွန်းရွက်၊ ချဥ်ပေါင်စတာတွေကို စိုက်ပျိုးခဲ့ကြပြီး ဧပြီလ ၉ ရက်နေ့မှာတော့ စိုက်ခင်းတွေထဲက ကြက်သွန်နီတွေ စတင်နှုတ်ယူရရှိတာကြောင့် ဝေမျှပေးနေတာလို့ ပြည်သူမှပြည်သူသို့ပရဟိတအဖွဲ့မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။


“ကြက်သွန်စနှုတ်တဲ့ရက်ထဲက အခုထိ Local PDF တပ်ဖွဲ့ ၅၀ လောက်ကိုမျှဝေထားပါတယ်။ ကျန်တဲ့ ကြက်သွန်ကတော့ စစ်ရှောင်ရိက္ခာအတွက်ပါ။ ခရမ်းသီးတို့ဘာတို့က ထွက်နေသေးတယ်။ ပဲသီးကတော့ တုန်းပြီး မသီးတော့ဘူး။ စိုက်တာက သဲသောင်ပေါ်မှာ စိုက်တယ်။ စိုက်ဧက ၁ ဧကပါပဲ” လို့ ပြောပါတယ်။

စိုက်ခင်းစိုက်တာဟာပထမအကြိမ်ဖြစ်တဲ့အတွက် ငွေကြေးအခက်အခဲတချို့ကြုံတွေ့ရတဲ့အပြင် စစ်ကြောင်းထိုးလာတဲ့အချိန်တွေမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် စိုက်ခင်းတွေကို မစောင့်ရှောက်နိုင်တာကြောင့် သီးနှံပိုးကျတာတွေကြုံတွေ့ရတယ်လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

“နောက်နှစ်တွေပြန်စိုက်ဖို့ကလည်းအခြေနေပေါ်မူတည်ပါလိမ့်မယ်။ အခုလိုခြံတွေစိုက်လိုက်တော့ စစ်ရှောင်တွေနဲ့ရဲဘော်တွေအတွက် အထိုက်အလျှောက်အကူညီဖြစ်တာပေါ့။ ကုန်ကျစရိတ်လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အခုလို စိုက်ပျိုးခဲ့တာပါ” လို့ ဆိုပါတယ်။

မတ်လ ၂၉ ရက်နေ့ကလည်းယင်းမာပင်မြို့နယ်အတွင်း စစ်ရှောင်၊မီးဘေးရှောင်တွေကို ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့က ဆန် ၃ အိတ် ၊ ငပိ ၈ ပိသာ တို့ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10