သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် ဒေသခံ ၂ ထောင်ကျော်လည်း အရေးပေါ်စစ်ရှောင်နေရတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၂၈ ရက် ဒီမနက် ၈ နာရီလောက်ကစတင်ကာ စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်အစပ်က ကျောက်ပုံ၊ ခဲပစ်ရွာတို့ကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“ခုဖြစ်နေတဲ့နေရာက ကျနော်တို့ စေတုတ္တရာအဖွဲ့တွေ စိုးမိုးထားတဲ့နေရာမဟုတ်ဘူး။ ပြည်သူတွေကိုတော့ အတတ်နိုင်ဆုံး ကူညီမှာပါ။ လတ်တလော အန္တရာယ်ကင်းအောင် ရှောင်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။" လို့ စေတုတ္တရာမြို့နယ် ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။
ပွင့်ဖြူမြို့နယ်အတွင်းက ပျူစောထီးတွေ၊ ကပစ ၂၀ နဲ့ ဝါတပ်က စစ်သားတွေပါဝင်တဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကမီးရှို့ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကြောင်းက ညောင်ကုန်းရွာကိုရောက်နေပြီလို့ ဆိုပါတယ်။
ကျောက်ပုံ၊ ခဲပစ်နဲ့ ညောင်ကုန်းရွာတို့ဟာ ကပ်လျက်တည်ရှိနေတာပါ။ အဲ့ဒီကျေးရွာတွေက ဒေသခံ ၂ ထောင်ကျော်လည်း မုံညှင်း၊ ဝန်လို၊ ခိုနန်းရွာဘက်နဲ့ ဘေးလွတ်မယ့်နေရာတွေကို အရေးပေါ် စစ်ရှောင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
ဖမ်းဆီးခံရသူတွေလည်းရှိနိုင်ပြီး လက်ရှိအချိန်ထိတော့ မီးလောင်ပျက်စီးခဲ့တဲ့ အိမ်ခြေအရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေတွေကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စေတုတ္တရာမြို့နယ်၊ လုံးကြီးရွာကို စစ်တပ်ကစစ်ကြောင်းထိုး မီးရှို့လို့ နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
ပုံစာ - ကျောက်ပုံရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့နေစဥ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #စေတုတ္တရာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှို့
Share Share Share