စျေးထွက်ဝယ်တဲ့ စစ်သားနဲ့ ပျူတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ၇ဦးသေဆုံး( ရုပ်/သံ)

မြိုင်မြို့ပေါ်ကို စျေးတက်ဝယ်တဲ့ ကန်နီရွာက စစ်သားနဲ့ ပျူစောထီးတွေ အပြန်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ပြီး မိုင်း ၂ကြိမ်ဆွဲတိုက်ခိုက်ခံရလို့ ၇ဦးသေဆုံးခဲ့တယ်လို့ မြိုင် ပကဖ ဆီကသိရပါတယ်။

မတ်လ ၄ရက် မနက်ပိုင်းကတည်းက စျေးဝယ်ဖို့ ထွက်လာခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ကလည်း မိုင်းဆွဲခံရလို့ မပြန်ရဲဘဲ မြို့ပေါ်မှာ ညအိပ်ပြီး ဒီနေ့မနက် ၈နာရီလောက်မှာ ပြန်လာခဲ့ကြတာဖြစ်တယ်လို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ဆိုပါတယ်။

မတ်လ ၅ရက် ဒီနေ့ မနက်၈နာရီလောက်မှာ ဆိုင်ကယ် အစီး ၆၀ ကား၃စီးနဲ့ ပြန်လာချိန်မှာ ၃ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း ၇ဦးသေဆုံးတယ်လို့ ပြောပါတယ်။

တည်းဖြတ်-ခင်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10