စျေးရောင်းထွက်လာတဲ့ကား မိုင်းထိလို့ ကလေးငယ် ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

စျေးရောင်းထွက်လာတဲ့ကား မိုင်းထိလို့ ကလေးငယ် ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

 
 
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း - ကျောက်ကြီးသွားကားလမ်း ညောင်ကုန်ကျေးရွာတံတားအနီးမှာ စျေးရောင်းထွက်လာတဲ့ကား မိုင်းထိလို့ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
 
ဖေဖော်ဝါရီလ ၃ ရက်မနေ့ကမနက် ၇ နာရီဝန်းကျင်မှာ ကျောက်ကြီးမြို့ဘက်ကနေ ပဲနွယ်ကုန်းဘက်ကို စျေးရောင်းဖို့ထွက်လာတဲ့ လိုက်ထရပ် အဖြူရောင်ကားဟာ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်းအေရာက်မှာ မိုင်းထိခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
 
"သူတို့က မိသားစုလိုက် စျေးရောင်းဖို့ထွက်လာတဲ့ကားပါ။ ကျောက်ကြီးဘက်ကနေ ရွာလှည့်ရောင်းတာပေါ့။ အဲဒါ ကားဘီးက မိုင်းနင်းမိတာ။ ကား ၁ စီး ပက်လက်လန်သွားတဲ့အထိ ဖြစ်သွားတယ်။ ကံကောင်းတာက ဒဏ်ရာရတာလောက်ဘဲရှိကြတယ်" လို့ပြောပါတယ်။
 
ကားမိုင်းထိတာကြောင့် ကားပေါ်ပါ ကျောက်ကြီးမြို့၊ ကပ်ကျေးရပ်ကွက်နေ ဒေါ်ဇာခြည်ဦး ၄၀ နှစ်ခန့်၊ မရှင်းသန့်လင်း ၇ နှစ်၊ ဦးလွင်ကိုအောင် ၄၀ နှစ်၊ မောင်အောင်သူရမျိုးလွင် ၂၃ နှစ်တို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
 
အဲဒီမိုင်းကိုတော့ ဘယ်အဖွဲ့အစည်းက ထောင်ထားတယ်ဆိုတာကို မသိရသေးသလို ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကိုတင်ပို့ကာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
 
ဇန်နဝါရီလ ၁၄ ရက်ကလည်း ကျောက်ကြီး-နတ်သံကွင်းသွားလမ်း စစ်ပင်တံတားအနီးမှာ တံတားပြင်နေတဲ့ စစ်ကောင်စီအဖွဲ့နဲ့ လက်အောက်ခံဝန်ထမ်းတွေကို လက်နက်ကိုင်အဖွဲ့ ၁ ခုက ဒရုန်းနဲ့ဗုံးချတိုက်ခိုကိချိန် ဘေးနားကဖြတ်သွားတဲ့ ငါးဒိုင်က သုံးဘီးတစီးထိမှန်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10