သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မြောက်ဘက် မဟာနန္ဒာကန်တော်လမ်းပေါ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်သား၊ ပျူခေါင်းဆောင်နဲ့သားများဦးဆောင်နေတဲ့ ဂိတ်စခန်းကို ဇန်နဝါရီ ၂၃ ရက် ည ၁၂ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
တိုက်ပွဲကြာမြင့်ချိန် ၁ နာရီအတွင်းမှာ ဂိတ်စခန်းက ဘန်ကာတွေကို နယ်မြေရှင်းလင်းနိုင်ခဲ့ပေမယ့် စစ်သားနဲ့ပျူစောထီးတွေ ထွက်ပြေးသွားတဲ့အတွက် လက်နက်ခဲယမ်းတော့ မရခဲ့ဘူးလို့ ရွှေဘို ပကဖ သတင်းတာဝန်ခံကပြောပါတယ်။
အခုလိုဂိတ်စခန်းကို တိုက်ခိုက်ရာမှာ ကာကွယ်ရေးရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊စစ်သားနဲ့ပျူ ၅ သေဆုံးကာ ၁၀ ဦးဒဏ် ရာရရှိခဲ့တယ်လို့ သိရပါတယ်။
" အနီးကပ်ဝင်ပစ်ခဲ့တယ်။ ဒီလူတွေထွက်ပြေးသွားတော့ လက်နက်တွေမရလိုက်ပါဘူး။ စစ် ကူလာလို့ ပြန်ဆုတ်ခဲ့ရတယ်။ ၅ ယောက်သေတယ်။ ကျနော်တို့ဘက်က ၄ ယောက်ဒဏ်ရာရတယ် " လို့ ရွှေဘို ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။
စစ်ကူကားတွေလာတာ၊ လေ့ကျင့်ရေးတပ်ရင်း ၈ ဘက်မှ လက်နက်ကြီးဟောင်ဝှစ်ဆာတွေနဲ့ ပစ်ခတ်ခဲ့တာတွေရှိသလို ခမရ ၁၁ ၊ ခလရ ၄၂ တပ်ရင်းတို့နဲ့ လည်း ၂ မိုင်ကျော်သာ ဝေးကွာတဲ့အတွက် တပ်ပြန်ဆုတ်ခွာခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။
သေဆုံးသူ ၅ ဦးထဲမှ ၂ ဦး အလောင်းကို မေဂွန်ရွာမှာ ဇန်နဝါရီလ ၂၄ ရက် နေ့လည်ပိုင်းက သဂြိုလ်ပြီး၊ ကျန် ၃ ဦးအလောင်းနဲ့ ဒဏ်ရာရရှိခဲ့သူ ၁၀ ဦးကို ရွှေဘိုပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပကဖ PDO အဖွဲ့ ၊တိုက်နယ် ၁၊ ၅ ၊ တိုက်နယ် ၃ ပကဖ Brave Defence Force၊ ဒီပဲယင်းမြို့နယ် ဂဠုန်မင်း ပကဖ၊ ညောင်ဦးမြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းကတော့ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ တပ်ရင်းက အင်အား ၄၀၀ ခန့်နဲ့ ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးတာအပြင် ရွှေဘိုနယ် မြောက်ဖက်ခြမ်းကိုလည်း စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
စာတည်း-နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်း #ရွှေဘို #ဂိတ်စခန်းတိုက်ခိုက် #စစ်သားနဲ့ပျူ #သေဆုံး #ဒဏ်ရာရ #လက်နက်ကြီး #လက်နက်ငယ် #ကာကွယ်ရေးပူးပေါင်းအဖွဲ့ #မြေလတ်သတင်း
ပုံစာ-ရွှေဘိုမြို့နယ်ပကဖတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
Share Share Share