သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ရွှေပန်းတောကျေးရွာနဲ့ ကျောက်မဲကျေးရွာသွားလမ်းပေါ်မှာ စျေးဝယ်ကားနဲ့ ပြန်လာတဲ့ အမျိုးသား ၂ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူတွေက ကျောက်မဲကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ကိုကျော်ကျော်နဲ့ အသက် ၃၈ နှစ်အရွယ်ညီဖြစ်သူ ကိုမင်းအောင်တို့ဖြစ်ပြီး နိုဝင်ဘာ ၂ ရက် မနက် ၉ နာရီခန့်မှာ ဆပ်သွား ကျေးရွာဘက်ကနေ စျေးဝယ်ပြီးကားနဲ့ ပြန်လာချိန်မှာ တားဆီးပြီးပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
"ဒလန်ကိုမှ ရှင်းလင်းပစ်တာ။ စျေးကားထွက်တာကိုမှ အပြန်ကိုစောင့်ပြီး ပစ်ခတ်ခံရတာလို့တော့ သိရတယ်။ စျေးကားဆိုတော့ ကားပေါ်မှာအခြားသူတွေတော့ပါတယ်။ အခြားသူတွေတော့ ထိခိုက်တာ မရှိဘူး"လို့ ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ပစ်ခတ်ခံရလို့ ကိုကျော်ကျော်နဲ့ ကိုမင်းအောင်တို့ ၂ ဦးမှာ ရင်ဘတ်နဲ့လည်ပင်းတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရသူတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ပတ်သက်ဆက်နွယ်ပြီး စစ်ကောင်စီကို သတင်းပေးသူတွေ ဖြစ်တယ်လို့တော့ သိထားရကြောင်းသူက ဆက်ပြောပါတယ်။
ဒီပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တဲ့အဖွဲ့အစည်းတွေဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ဝန်ကုန်းကျေးရွာမှာ နေအိမ်စျေးဆိုင်မှာရှိနေတဲ့ အမျိုးသား ၁ ဦး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆင်ပေါင်ဝဲ #အမျိုးသား #ပစ်သတ်ခံရ
Share Share Share