သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဆင်ဖြူကျွန်းမြို့နားက ညောင်အင်းနဲ့ မြောက်ဇီးကုန်းကျွန်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၂ ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားလို့ ရဲတွေက မြို့ပေါ်မှာ ပတ်ရှာနေကြပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အနီးက ညောင်အင်းအုပ်ချုပ်ရေးမှူးကို သူ့ဇာတိဖြစ်တဲ့ နတ်စင်ရွာနေအိမ်မှာ ဖမ်းခဲ့ပြီး မြောက်ဇီးကုန်းကျွန်းရွာက အုပ်ချုပ်ရေးမှူးကိုလည်း သူ့နေအိမ်မှာ အောက်တိုဘာ ၃၁ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ဝင်ဖမ်းသွားခဲ့ကြတာပါ။
"မြို့ပေါ်မှာတော့ ရဲတွေ သေနတ်တွေလွယ်ပြီး ဆိုင်ကယ်နဲ့ပတ်နေတာတော့ တွေ့တယ်။ အစကတော့ ဘာမှန်းမသိဘူး။ နတ်စင်ရွာနဲ့ မြောက်ဇီးကုန်းကျွန်းရွာက အုပ်ချုပ်ရေးမှူးတွေကို ကာကွယ်ရေးအဖွဲ့တွေက ဖမ်းသွားလို့ မြို့ပေါ်မှာပတ်ရှာနေတာဆိုတာ နောက်မှသိရတာ။" လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။
အဖမ်းဆီးခံရတဲ့သူတွေဟာ နတ်စင်ရွာနေ အသက် ၄၀ အရွယ် ညောင်အင်းရွာအုပ်ချုပ်ရေးမှူး ဦးဘိုဘိုစိန်နဲ့ မြောက်ဇီးကုန်းကျွန်းရွာက အသက် ၄၅ အရွယ် ဦးမျိုးမင်းထိုက်တို့ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ ၂ ဦးကို ဖမ်းသွားတာက PDF အဖွဲ့တွေဆိုတာ သေချာပေမယ့် ဘယ်အဖွဲ့ကဆိုတာ အတိအကျ မသိရသလို ဘယ်ကိုဖမ်းသွားတယ်ဆိုတာလည်း မသိရသေးဘူးလို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
PDF တွေဘက်ကတော့ အုပ်ချုပ်ရေးမှူးတွေကို နုတ်ထွက်ဖို့သတိပေးထားပေမယ့် ဆင်ဖြူကျွန်းမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေက နုတ်ထွက်ချင်ယောင်ဆောင်ပြီး ဆက်လုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#ဆင်ဖြူကျွန်း #အုပ်ချုပ်ရေးမှူး #ဖမ်းဆီး
Share Share Share