ဆားတောင်စာသင်ကျောင်းနဲ့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အထက စာသင်ကျောင်းနဲ့ ရဲစခန်းအတွင်းက စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁ ရက်က PDF တွေပူးပေါင်းပြီး Drone နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Phoenix-Sagaing တပ်ဖွဲ့ဆီက သိရပါတယ်။

ဆားတောင် အထက ကျောင်းအတွင်းမှာ စစ်သားနဲ့ ပျူစောထီး ၄၀ ခန့်တပ်စွဲထားပြီး ဆားတောင်ရဲစခန်းအတွင်းမှာလည်း စစ်သားနဲ့ရဲ အင်အား ၄၀ ဦးစီရှိတယ်လို့ ဆိုပါတယ်။

ဆားတောင် အထက စာသင်ကျောင်းနဲ့ ဆားတောင်မြို့မရဲစခန်းဟာ လမ်းရဲ့ဘေးတဖက်ဆီမှာ မျက်နှာချင်းဆိုင်အနေအထားနဲ့ ရှိနေတာဖြစ်ပြီး နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီခန့်မှာ အထကကျောင်းကို ဗုံးသီး ၃ လုံး၊ ရဲစခန်းကို ၁ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Droneနဲ့ ဗုံးသီးချတိုက်ခိုက်မှုအတွင်းမှာ အထက ကျောင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ Phoenix-Sagaing တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆားတောင် အထက စာသင်ကျောင်းအတွင်းက ပျူနဲ့စစ်သားတွေဟာ လွန်ခဲ့တဲ့ ၂ လခန့်က ညောင်ငုတ်တိုရွာကနေ ပြောင်းရွှေ့ကာ တပ်စွဲထားတာဖြစ်ပြီး စစ်ကိုင်း-ရွှေဘိုလမ်းမပေါ်က ခရီးသွားပြည်သူတွေကို ငွေတောင်းတာတွေလုပ်လေ့ရှိတယ်လို့လည်း ဆက်ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Phoenix -Sagaing၊ Royal Falcon Guerrilla Force၊ Unicorn Guerrilla Force၊ ကြောင်လက်သည်း ဝက်လက်အဖွဲ့နဲ့ စစ်ကိုင်းခရိုင်အမှတ် ၇ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဆားတောင် #ရဲ #ပျူစောထီး #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10