သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတရွာက ဒေသခံ ၁၅၀ ကျော်ကို သြဂုတ် ၁၀ ရက်မနေ့က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF အဖွဲ့ဆီက သိရပါတယ်။
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF စစ်ဒေသ ၁ ဆေးတပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တာဖြစ်ပြီး အသက် ၆၀ ကနေ ၉၀ နှစ်အရွယ် သက်ကြီးပိုင်းအဘိုးအဘွားတွေ အပါအဝင် အမျိုးသမီးအများစုကို အဓိက ဆေးကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။
“အသက် ၆၀ လောက် သက်ကြီးတွေများတယ်။ အမျိုးသမီးအများစုပေါ့။ ဒူးနားခါးနားတွေ၊ သွေးတိုး၊ ဆီးချိုတွေ အဖြစ်များနေတယ်။ မနေ့က သွေးပေါင် ၂၄၀ ရှိတဲ့ လူနာတောင်တွေ့ခဲ့ရတယ်။" လို့ BLDF ရဲ့ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
ဆေးဝါးကုသပြီးနောက်ပိုင်းမှာလည်း ဒေသခံတွေကို နိုင်ငံရေး၊ စစ်ရေးနဲ့ပက်သက်တဲ့ သဘောတရားတွေကို ရှင်းလင်းပြောပြခဲ့သေးတယ်လို့ ဆိုပါတယ်။
BLDF အဖွဲ့ဟာ ဆားလင်းကြီးနယ်ထဲကကျေးရွာတွေကို တပတ်မှာအနည်းဆုံးတကြိမ် ကျန်းမာရေး စောင့်ရှောက်မှုပေးနေပြီး လက်ရှိအချိန်ထိ ကျေးရွာ ၁၀ ရွာကျော်က လူဦးရေ ၁၀၀၀ လောက်ကို ဆေးကုသပေးနိုင်ခဲ့တယ်လို့ BLDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စာတည်း - လင်း၊ တည်းဖြတ် - HP
#မြေလတ်အသံ
#short #youtubeshort #reels #news #video
Share Share Share