ဆားလင်းကြီးက ဒေသခံ ၁၅၀ ကျော်ကို BLDF က ကျန်းမာရေးစောင့်ရှောက်မှုပေး

ဆားလင်းကြီးက ဒေသခံ ၁၅၀ ကျော်ကို BLDF က ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတရွာက ဒေသခံ ၁၅၀ ကျော်ကို သြဂုတ် ၁၀ ရက်မနေ့က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF အဖွဲ့ဆီက သိရပါတယ်။ 

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF စစ်ဒေသ ၁ ဆေးတပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တာဖြစ်ပြီး အသက် ၆၀ ကနေ ၉၀ နှစ်အရွယ် သက်ကြီးပိုင်းအဘိုးအဘွားတွေ အပါအဝင် အမျိုးသမီးအများစုကို အဓိက ဆေးကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

“အသက် ၆၀ လောက် သက်ကြီးတွေများတယ်။ အမျိုးသမီးအများစုပေါ့။ ဒူးနားခါးနားတွေ၊ သွေးတိုး၊ ဆီးချိုတွေ အဖြစ်များနေတယ်။ မနေ့က သွေးပေါင် ၂၄၀ ရှိတဲ့ လူနာတောင်တွေ့ခဲ့ရတယ်။" လို့  BLDF ရဲ့ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ဆေးဝါးကုသပြီးနောက်ပိုင်းမှာလည်း ဒေသခံတွေကို နိုင်ငံရေး၊ စစ်ရေးနဲ့ပက်သက်တဲ့ သဘောတရားတွေကို ရှင်းလင်းပြောပြခဲ့သေးတယ်လို့ ဆိုပါတယ်။ 

BLDF အဖွဲ့ဟာ ဆားလင်းကြီးနယ်ထဲကကျေးရွာတွေကို တပတ်မှာအနည်းဆုံးတကြိမ် ကျန်းမာရေး စောင့်ရှောက်မှုပေးနေပြီး လက်ရှိအချိန်ထိ ကျေးရွာ ၁၀ ရွာကျော်က လူဦးရေ ၁၀၀၀ လောက်ကို ဆေးကုသပေးနိုင်ခဲ့တယ်လို့ BLDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #BLDF #ကျန်းမာရေးစောင့်ရှောက်မှုပေး #ဒေသခံပြည်သူ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10