ဆားလင်းကြီးနယ်က ရေဘေးသင့်အိမ်ထောင်စု ၃၀၀ ကျော်ကို ငွေထောက်ပံ့

ဆားလင်းကြီးနယ်က ရေဘေးသင့်အိမ်ထောင်စု ၃၀၀ ကျော်ကို ငွေထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့တဲ့ကျေးရွာတွေက ရေဘေးသင့်အိမ်ထောင်စု ၃၀၀ ကျော်ကို ဇူလိုင် ၃၁ ရက်မှာ ငွေထောက်ပံ့ပေးခဲ့တယ်လို့ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းအဖွဲ့ဆီက သိရပါတယ်။ 

ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာ ၃ ရွာက အိမ်ထောင်စု ၃၀၅ စုအတွက် ၁ အိမ်ထောင်ကို ငွေကျပ် ၅ သောင်းနှုန်းနဲ့ စုစုပေါင်းကျပ်သိန်း ၁၅၀ ကျော် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ 

"ရေကြီးတုန်းက ရိက္ခာမရောက်တဲ့ ကျေးရွာသုံးရွာကို ရွေးပြီလှူပေးခဲ့တာပါ။” လို့  လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းအဖွဲ့က တက်ကြွလှုပ်ရှားသူအမျိုးသမီးတဦးကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရေပြန်ကျနေပြီး ရေဘေးသင့်သူတွေမှာ ပြည်လည်ထူထောင်ရေးတွေလုပ်ဖို့ အခက်အခဲတွေရှိနေတာကြောင့် အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး ခုလိုထောက်ပံ့လှူဒါန်းဖြစ်ခဲ့တာလို့လည်း လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းအဖွဲ့မှ တာဝန်ရှိသူအမျိုးသားတဦးက ပြောပါတယ်။

“ခုတော့ ရေပြန်ကျနေပါပြီ။ ပြန်လည်ထူထောင်ရေးအနေနဲ့လည်း ပါပါတယ်။ လက်ရှိက အလုပ်လက်မဲ့ များနေတော့ သူတို့အတွက်တတ်အားသ၍ အကူအညီရဖို့ရည်ရွယ်ပြီး အလှူရှင်နဲ့ချိတ်ဆက် လှူပေးတာပါ" လို့ ပြောပါတယ်။ 

ဆားလင်ကြီးမြို့နယ်အတွင်း အခုနှစ်ဇူလိုင်ပထမပတ်လောက်က စတင်ကာ ချင်းတွင်းမြစ်ရေ ဝင်ရောက်လာတဲ့အတွက် ကျေးရွာပေါင်း ၄၁ ရွာ ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု ၁၀၀၀ ကျော်ရေဘေးသင့်ခဲ့တယ်လို့လည်း လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းအဖွဲ့ဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #ရေဘေးသင့် #ထောက်ပံ့ #ရေဘေးသင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10