ဆားလင်းကြီးနယ်မှာပြုလုပ်တဲ့ ၈၈၈၈ နေ့ ထောက်ခံဂုဏ်ပြုပွဲ (Photo News)

ဆားလင်းကြီးနယ်မှာပြုလုပ်တဲ့ ၈၈၈၈ နေ့ ထောက်ခံဂုဏ်ပြုပွဲ (Photo News)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး သြဂုတ် ၈ ရက် ဒီနေ့မှာကျရောက်တဲ့ ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ကို ထောက်ခံဂုဏ်ပြုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။ 

ဒီလှုပ်ရှားမှုကို သြဂုတ် ၇ ရက်မနက် ၁၀ နာရီလောက်မှာ ပြုလုပ်ခဲ့တာလို့ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုမင်းမင်းက ပြောပါတယ်။ 

"ကျနော်တို့ ရှစ်လေးလုံးကိုထောက်ခံတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေက တလှိုင်းပြီး တလှိုင်း တိုက်ပွဲတွေဖော်နေတာကို ကျနော်တို့သပိတ်အဖွဲ့တွေကလည်း အမြဲအတူရှိတယ်ဆိုတာကို ပြသတဲ့ အနေနဲ့လုပ်ဖြစ်ခဲ့တာပါ” လို့ ကိုမင်းမင်းက ပြောပါတယ်။ 

ဆားလင်းကြီးမြို့နယ် ပအဖ၊ ပလဖ၊ ပကဖ၊ လက်ပံတောင်းတောင်ပင်မသပိတ်၊ မုံရွာ-အမြင့်လမ်းဦးဆောင်ကော်မတီ၊ အညာပစ်တိုင်းထောင်လေးများ၊ ၅/လက်ပံတောင်း၊ ရွှေဗန့်ဂျီ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #၈လေးလုံး #PhotoNews 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10