သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတရွာမှာ ကျဆုံးရဲဘော် ၁၀ ဦးအတွက် တနှစ်(၂) လပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
“ကျဆုံးရဲဘော်၁၀ ဦးအတွက် ဆားလင်းကြီးရွာပေါင်းစုံ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။ မနက်စောစောစတင်ခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူတွေပေါ် နှင်းဆီတွေတင်တာ အလေးနီပြုတာတွေ ပြုလုပ်ခဲ့တာ" လို့ သပိတ်ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဆန္ဒပြလှုပ်ရှားမှုကို ယင်းမာပင် - ဆားလင်းကြီးနယ် ရွာပေါင်းစုံ သပိတ်ကော်မတီဝင်တွေက ဦးဆောင်ခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ အလေးနီပြုတာ ရဲဘော်တွေရဲ့အုတ်ဂူပေါ် နှင်းဆီတွေနဲ့အတူ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းဂုဏ်ပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီရဲဘော် ၁၀ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီအတွင်းက ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေအပြင် မီးရှို့သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့တဲ့ ရဲဘော်တွေဖြစ်တယ်လို့ ဆိုပါတယ်။
#မြေလတ်အသံ
Share Share Share