ဆားလင်းကြီးမှာ စစ်အုပ်စု ၃ ကြိမ် တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို Local PDF ၂ ဖွဲ့က ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamice (Salingyi) အဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက်ဆားလင်းကြီးမြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့အင်အား ၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကြောင်းနဲ့ နံနက် ၁၀ နာရီကစပြီး ပေပင်ကန်တိုက်ဟောင်းကျောင်းဘက်ကနေ ဆားထုံးရွာအဝင်မှာ ၁ ကြိမ် ဆားထုံးရွာထဲမှာ ၂ ကြိမ် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ Chindwin Dynamice(Salingyi) တာဝန်ခံက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ၆၀ မမ တွေနဲ့ပစ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် ဆားထုံးရွာပြည်သူနေအိမ် ၁ လုံးပျက်စီးပြီး နွား ၁ ကောင်ဒဏ်ရာရကာ ပြည်သူနေအိမ် ၇ လုံးကိုလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီးနောက် ဆားလင်းကြီးမြို့ပေါ်ကို ပြန်သွားကြတယ်လို့ တာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Chindwin Dynamice (Salingyi) နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲ ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #ချင်းတွင်းမြစ်ကြောင်း #တော်လှန်ရေးအင်အားစုများ #စစ်ကောင်စီ #နွေဦးတော်လှန်ရေး #တိုက်ခိုက်မှု #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10