ဆားလယ်ရွာ ပျူစောထီးစခန်းကို တိုက်ခိုက်ပြီး ကားနဲ့လက်နက်အချို့ သိမ်းဆည်း

ဆားလယ်ရွာ ပျူစောထီးစခန်းကို တိုက်ခိုက်ပြီး ကားနဲ့လက်နက်အချို့ သိမ်းဆည်း

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာက အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ ၂ ဦး ဒဏ်ရာရပြီး ကားနဲ့လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၁၀ ရက် နေ့လယ် ၂ နာရီကျော်မှာ အင်အား ၈ ဦးခန့်ရှိနေတဲ့ ပျုစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"နေ့လယ်ခင်းလည်းဖြစ်နေတော့ ကျနော်တို့အဖွဲ့တွေလည်း လာမတိုက်လောက်ဘူးထင်ပြီး ပျူတွေက ပေါ့ပေါ့ဆဆနေနေချိန်မှာ ဝင်ပစ်ခဲ့တာ။ အကုန်ထွက်ပြေးကြတယ်။ ၂ ကောင်ကတော့ ကျည်ထိပြီးမှ ထပြေးတာ၊ ဒဏ်ရာတော့များတယ်။"လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ပေတက ပြောပါတယ်။

ပျူစောထီးအဖွဲ့တွေ ထွက်ပြေးသွားချိန် စခန်းကိုမီးရှို့ဖို့လုပ်ခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်မှာ ပြည်သူနေအိမ်တွေ ရှိနေတာကြောင့် မီးမရှို့ခဲ့ဘဲ သေနတ် ၂ လက်၊ ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ ကျည် ၂၀၀ ခန့်၊ ကျည်ဘောက် ၃ ခုတို့ကို သိမ်းဆည်းခဲ့တယ်လို့ ဗိုလ်ပေတက ပြောပါတယ်။  

ဒီတိုက်ခိုက်မှုကို အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊ OakAwe UG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Bagan Bo Cho၊ မကွေးခရိုင်ပကဖ၊ မကွေးတိုင်းပကဖ၊ YRF ပေါက် ပကဖ၊ CRA၊ ချောက်ပကဖ၊ ပခုက္ကူမြို့နယ်ပကဖအပါအဝင် မဟာမိတ်အဖွဲ့တွေပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဇူလိုင် ၂၀ ရက်ကလည်း ချောက်မြို့နယ်၊ မြေပဒုံကျေးရွာအုပ်စု၊ ဆူးတောကျေးရွာမှာ ပျူစောထီးအဖွဲ့ ဖွဲ့ဖို့ ကျေးရွာထဲလာစည်းရုံးနေတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ချောက် #ပျူစောထီးစခန်း #တိုက်ခိုက် #လက်နက်သိမ်းဆည်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10