သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ - ဆော ကားလမ်းမမှာသွားနေတဲ့ စစ်ကောင်စီကားတစီးကို ဇူလိုင် ၁၈ ရက် မနက် ၉ နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဆိပ်ဖြူမြို့ကနေ ကဇွန်းမကျေးရွာအနီးကို မှန်လုံကား ၂ စီးနဲ့သွားချိန် သပြေရွာနဲ့ရေကျော်ရွာကြား အရောက်မှာ နောက်ကကားကို အသင့်ထောင်ထားတဲ့ ပဒေသာမိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ကား ၂ စီးသွားတဲ့အချိန် စကစ ၇ ကောင်စီးလာတဲ့ နောက်ကကားကိုဆွဲလိုက်တာ။ ကားတခုလုံး ပျက်စီးပြီးတော့ ၇ ကောင်လည်း ပွဲချင်းပြီးသေတာ။ ရှေ့ကကားမှာတော့ ၄ ကောင်ပါတယ်။ အဲ့ကားကိုတော့ မဆွဲလိုက်ဘူး"လို့ ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှ တာဝန်ခံ မင်းရဲဆက်က ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် ရှေ့ကားပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးက ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် PDF တွေ ဆုတ်ခွာလာခဲ့ရပြီးနောက် စစ်ကောင်စီဘက်က ဆိပ်ဖြူမြို့ကနေ ဖောကား ၂ စီးနဲ့ ရောက်ရှိလာကာ အလောင်းတွေကို သယ်ယူသွားခဲ့ကြတယ်လို့ ကိုမင်းရဲဆက်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁၊ မြေလတ်ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်မှာလည်း ဆိပ်ဖြူကားလမ်းမပေါ် သွားလာနေတဲ့ အင်အား ၇၀ ကျော်ပါ ခြေလျင်စစ်ကြောင်းကို အထက်ပါ ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆိပ်ဖြူ #PDF #မိုင်းဆွဲ #စစ်ကောင်စီ #သေဆုံး
Share Share Share