ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ စစ်ကား ၁ စီးမိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး

ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ စစ်ကား ၁ စီးမိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့အနီး၊ ဆိပ်ဖြူ-ပေါက် လမ်းပိုင်းမှာ စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) ဆီက သိရပါတယ်။

ဇူလိုင် ၁၆ ရက်မနက် ၉ နာရီခန့်မှာ ဆိပ်ဖြူ-ပေါက်လမ်းပိုင်းရှိ ၁၀ မိုင်လမ်းဆုံဂိတ်ကနေ ဆိပ်ဖြူမြို့ဘက်ကို စစ်ကားနဲ့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"၁၀ မိုင်ဂိတ်ဘက်က စကစတွေ ကားနဲ့လာချိန် မိုင်း ၄ လုံးဆွဲလိုက်တာ။ ကားကတော့ ထိုးရပ်သွားတယ်။ ကားကသုံးမရတော့လို့ မိုင်းဆွဲခံရတဲ့နေရာမှာပဲ ထားရစ်ခဲ့တာ။ သေဆုံးဒဏ်ရာရကိုတော့ ခွေးဘီလူးကားနဲ့လာသယ်သွားတယ်"လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - NSP မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသူရိန်ကပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီဘက်က ၄ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရရှိခဲ့ပြီး အားလုံးကို ဆိပ်ဖြူဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။ 

ထိခိုက်သေဆုံးမှုအခြေအနေနဲ့ နောက်ဆက်တွဲအခြေအနေတွေကို ဒေသခံတွေဆီကတဆင့် အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဇွန် ၁၆ ရက်ကလည်း ဆိပ်ဖြူမြို့နယ်၊ ထမကောက်ကျေးရွာအနီးမှာ စစ်ကောင်စီအဖွဲ့နဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10