သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ဆီမီးခုံမြို့ ရဲစခန်းအနီး အရက်ဆိုင်မှာရှိနေတဲ့ ရဲ ၃ ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲ ၂ ဦးသေဆုံး၊ ၁ ဦး ဒါဏ်ရာရပြီး သေနတ် ၃ လက်လည်း ရရှိခဲ့တယ်လို MP 9 အဖွဲ့တာဝန်ခံဆီက သိရပါတယ်။
ဆီမီးခုံရဲစခန်းနဲ့ မီတာ ၁၀၀ အကွာရှိ အရက်ဆိုင်မှာ နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"ကျနော်တို့ ထော်လာဂျီနဲ့ သွားပစ်တာ။ ရဲစခန်းအနီးက အရက်ဆိုင်ထဲ ဒီကောင်တွေ အရက်ဝင်သောက်နေတုန်း ဝင်ပစ်တာ။" လို MP 9 တာဝန်ခံ ကပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ရဲစခန်းအတွင်းကနေ ပစ်ဖောက်မှုတွေလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက် ဒီနေ့လယ်ပိုင်းမှာတော့ ရဲစခန်းမှာ အင်အားထပ်တိုးထားတယ်လို့သိရကြောင်း သူက ဆက်ပြောပါတယ်။
ရဲ ၃ ဦးကိုင်ဆောင်တဲ့ G 3 သေနတ် ၃ လက်နဲ့ ကျည်တချို့သိမ်းဆည်ရမိခဲ့ကာ ရဲစခန်းအတွင်းက ပစ်ဖောက်သံတွေကြားတဲ့အတွက် လက်နက်တွေယူပြီး ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မူကို MP 9၊ မိုင်းဇာနည်၊ တလုပ် PDF၊ ရွှေဂျိုးဖြူအဖွဲ့တို့ ပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာက အုပ်ချုပ်ရေးမှူးအိမ်နဲ့ စစ်ကောင်စီဂိတ်ကိုလည်း နိုဝင်ဘာ ၂၀ ရက်မှာ ဒရုန်းချတိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone Strike အဖွဲ့ဆီက သိရပါတယ်။
နေ့လယ် ၃ နာရီခန့်မှာ စစ်မှုထမ်းမဲနှိုက်နေတဲ့ လယ်သစ်ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်နဲ့ ရွာထဲရှိစစ်ကောင်စီဂိတ်ကို ဒရုန်း ၃ စင်းနဲ့ ၁ နေရာကို ဗုံးသီး ၃ လုံးစီ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးအိမ်တိုက်ခိုက်မှုမှာ ပြည်သူ ၁ ဦးထိမှန် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဂိတ် တိုက်ခိုက်မှုမှာတော့ ပျူစောထီး ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။
“အုပ်ကြီးအိမ်က အိမ်ရှေ့ ၁ လုံး၊ အိမ်အနောက် ၁ လုံးနဲ့ အိမ်တောင်ဘက် ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ပြည်သူ ၁ ဦးတော့ ပေါင်ထိသွားတယ်၊ မစိုးရိမ်ရပါဘူး။ ဂိတ်ကတော့ ၁ ဦးသေတယ် ၂ ဦးဒဏ်ရာရတယ်။” လို့ Myingyan District Drone Strike အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ မဲမနှိုက်တော့ဘဲ ကျေးရွာတွေမှာပေါ်တာဆွဲဖို့ စီစဥ်နေပြီး သေဆုံးတဲ့ ပျူစောထီးကို နိုဝင်ဘာ ၂၁ ရက်က သင်္ဂြိုဟ်လိုက်တယ်လို့ သိရကြောင်း သူက ဆက်ပြောပါတယ်။
ဒီဒရုန်းချတိုက်ခိုက်မူကို Myingyan District DroneStrike၊ မြင်းခြံခရိုင် အမှတ် ၄၊ ၁၀၊ တပ်ရင်း၊ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Team -2 နဲ့ ရွှေခြံသားပြောက်ကျား တပ်ဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #ဆီးမီးခုံ #မြင်းခြံ #စစ်ကောင်စီ #တိုက်ခိုက်ခံရ
Share Share Share