ဆောနယ်ထဲက စစ်ရှောင်အမျိုးသမီးတွေကို လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ (ရုပ်/သံ)

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ဇူလိုင် ၂ ရက်မှာ အာဟာရဒါနကျွေးမွေးခဲ့ပြီး အမျိုးသမီးလစဥ်သုံးပစ္စည်းတွေပါ ထောက်ပံ့ပေးခဲ့တယ်လို့ Yu&Tulip Foundation အဖွဲ့ဆီက သိရပါတယ်။

အမျိုးသမီးတွေအတွက်လည်း လစဥ်သုံးပစ္စည်း အထုပ်ကြီး ၃၂ ထုပ်ဖြင့် စုစုပေါင်း ငွေကျပ် ၉ သိန်းနီးပါးထောက်ပံ့ပေးခဲ့တယ်လို့ Yu&Tulip founda tionအဖွဲ့ မြေပြင်ထောက်ပို့တာဝန်ခံ မကျူးလစ် က ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေကို ဝက်သားဟင်း၊ ငပိကြော်၊ သရက်ချဥ်သုပ် တို့ကို အလှူရှင်တွေကိုယ်စား ကျွေးမွေးခဲ့တာပါ။

ဆောဒေသခံအချို့ဟာ ၂၀၂၃ မတ်လကစပြီး နေအိမ်တွေမီးရှို့ခံခဲ့ရပြီး လက်ရှိအချိန်ထိနေရပ်ပြန်ခွင့်မရသေးဘဲ စစ်ရှောင်နေရလို့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေမှာ လိုအပ်ချက်တွေရှိနေပြီး အခြားအခက်ခဲတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေက စခန်းအနီးကျေးရွာတွေမှာ ရာသီပေါ်သီးနှံတွေကို စိုက်ပျိုး၊ ရိတ်သိမ်း၊ ပေါင်းနှုတ်တဲ့အလုပ်တွေကို လုပ်ကိုင်နေကြတယ်လို့ စစ်ရှောင်ပြည်သူအမျိုးသမီးတဦးက ပြောပါတယ်။

အဲ့ဒီစခန်းမှာ စစ်ရှောင် ၃၀၀ ကျော်ရှိပြီး ကလေးငယ်တွေ ပညာရေးအတွက်လည်း CDM ဆရာတချို့က စာသင်ကြားပေးနေသလို စားရေးကိရိယာပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ဆော #စစ်ရှောင်ပြည်သူ #ကူညီထောက်ပံ့ #စားဝတ်နေရေး #အခက်အခဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10