ဆောမှာ အကြောင်းမဲ့ လေယာဥ်နဲ့ဗုံးလာကြဲလို့ ၄ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရ

ဆောမှာ အကြောင်းမဲ့ လေယာဥ်နဲ့ဗုံးလာကြဲလို့ ၄ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ထဲကကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ဗုံးကျဲခဲ့လို့ ၄ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက် ဒီနေ့နေ့လယ် ၂ နာရီချိန်မှာ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ပွဲမဖြစ်ပဲ ဂျက်ဖိုက်တာ ၁ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ဒေသခံ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦးထိခိုက်သေဆုံးသွားတယ်လို့ဆိုပါတယ်။

"ဘာပစ်ခတ်မှုမှမရှိဘဲနဲ့ ရုတ်တရက်ကြီး လေယာဉ်နဲ့လာပစ်တာ။ ရွာသားတွေကပြေးချိန်တောင်မရလိုက်ဘူး။ သေဆုံးသွားတဲ့အန်တီကလည်း ညနေစာချက်ပြုတ်နေချိန်ထိမှန်သွားတာ။ နေအိမ်၄လုံးလည်းပျက်စီးသွားတယ်" လို့ ယောဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

သေဆုံးသွားသူတွေက ဒေါ်စောဝိုင်း၊ ကိုဇော်ဌေးဝင်း၊ ကိုကျော်ဌေးလင်းတို့ သားအမိ ၃ဦးနဲ့ တူဖြစ်သူ ‌ကိုဇော်မင်းတို့ ၄ဦး ဖြစ်ကာ နောက်ထပ်ဒေသခံ ၈ဦးလည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလက်ရှိအချိန်မှာတော့ ညောင်ကန်ကျေးရွာကဒေသခံတချို့ဟာ တောထဲမှာရှောင်တိမ်းနေကြပြီး ကျန်တချို့ကတော့ကျေးရွာထဲမှာပင်ဆက်လက်နေထိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10