သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ဆေးဝါးကုသဖို့အခက်အခဲဖြစ်နေတဲ့ ကျေး ရွာ ၂ ရွာက ပြည်သူတွေကို ဇွန် ၁ ရက် မနက်ပိုင်းက အခမဲ့ဆေးကုသမှုတွေပြုလုပ်ပေးခဲ့တယ်လို့ Buffalo Soldiers Freedom Force တပ်ဖွဲ့ဆီက သိရပါတယ်။
Buffalo Soldiers Freedom Force တပ်ဖွဲ့ဟာဆေးဝါးကုသမှုအခက်အခဲဖြစ်နေတဲ့ ကျေးရွာ ၂ ရွာက ပြည်သူ ၄၀ ဦးကို အခမဲ့ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။
Buffalo Soldiers Freedom တပ်ဖွဲ့အနေနဲ့ အခမဲ့ဆေးဝါးကုသမှုပေးနေတာ တလနီးပါးရှိပြီးဖြစ်ပြီး လက်ရှိအချိန်အထိရွာ ၂ ရွာကိုဆေးဝါးကုသမှုပေးနိုင်ခဲ့ပြီလို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဆေးကုသရာမှာ သွေးတိုးရောဂါ၊ တီဘီရောဂါ၊ ကျောက်ကပ်ရောဂါ၊ သာမန်ဖျားနာတာတွေကို အများဆုံးကုသပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ဂိတ်တွေဟာ ဆေးဝါးတွေကို ဖြတ်သန်းသယ်ယူခွင့်မပြုဘဲ ဖမ်းဆီးမှုတွေလုပ်နေတာကြောင့် ဆေးဝါးတွေကို ခက်ခက်ခဲခဲသယ်ယူနေရတယ်လို့လည်း သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #ရွှေဘို #အခမဲ့ဆေးကုသ #BuffaloSoldiersFreedomForce #သတင်း
Share Share Share