ဇက်စီးမယ့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ အနီးရှိ လူနေအိမ်၊ ဈေးဆိုင်နဲ့ ဆိုင်ကယ်တွေကို မီးရှို့သွား

ဇက်စီးမယ့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ အနီးရှိ လူနေအိမ်၊ ဈေးဆိုင်နဲ့ ဆိုင်ကယ်တွေကို မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာ၊ ထန်းတော(ဇာတ်ဆိပ်)ကနေ မုံရွာမြို့ကို ဇက်စီးဖို့စောင့်နေတဲ့ စစ်ကြောင်းဟာ မေလ ၈ ရက် မွန်းလွဲပိုင်းမှာ မိုင်းဆွဲခံရပြီးတဲ့နောက် အနီးနားရှိ လူနေအိမ်၊ ဈေးဆိုင်ခန်းနဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်စီးခဲ့ပါတယ်။


အဲဒီ မေလ ၈ ရက် မနက် ၆ နာရီခန့်မှာ အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့ပေါ်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲကာ ထွက်ခွာလာပြီး ဝမ်ပေါင်ကြေးနီးစက်ရုံကို ဝင်ရောက်ခဲ့ပါတယ်။


မွန်းလွဲပိုင်းမှာတော့ ဝမ်ပေါင်မှ ပြန်လာပြီး ညောင်ပင်ကြီးရဲစခန်းကို ဝင်ပြီးနောက် မုံရွာမြို့ဘက်ကို ဇတ်နဲ့ကူးဖို့ ပြုလုပ်နေချိန်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန် ပြန်ကြားရေးမှ တာဝန်ခံတဦးက ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာတော့ အဆိုပါ စစ်ကြောင်းဟာ ထန်းတော်(ဇာတ်ဆိပ်)မှာရှိတဲ့ လူနေအိမ်နဲ့ ဆိုင်ခန်းပေါင်း ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ဆိုင်ကယ်အစီး ၂၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူကပြောပါ တယ်။


ဒေသခံပြည်သူတွေရဲ့ နေအိမ်၊ ဈေးဆိုင်နဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးပြီးနောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ဇတ်ရေယာဉ်စီးကာ မုံရွာမြို့ကို ကူးသွားခဲ့ပါတယ်။

စာတည်း - လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10