ဇရက်ကြီးရွာမှာ စစ်ကောင်စီနဲ့ PDF ၄ ရက်ဆက်တိုက်ပွဲအတွင်း စစ်အုပ်စု သေဆုံးသူများပြား (ရုပ်/သံ)

တောင်သာနယ်ထဲက ဇရက်ကြီးကျေးရွာကို စစ်ကောင်စီတပ်းသား ၁၅၀ ခန့်က ဇူလိုင် ၁၄ ရက် ညပိုင်းမှာ စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၁၅ ရက် ညပိုင်းမှာ တကြိမ်၊ ၁၆ ရက်၊ ၁၇ရက်နဲ့  ၁၈ ရက်မှာ တကြိမ် ထိတွေ့တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွားခဲ့တယ်လို့ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

ဇူလိုင် ၁၅ ရက် ညနေပိုင်းမှာ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တောင်သာပလဖ၊ မိတ္ထိီလာပကဖ၊ နေပြည်တော် ၈၀၁ တပ်ရင်း၊ မြင်းခြံတပ်ရင်းအမှတ် ၃ တို့က အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ G3 တလက် သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၆ ရက်၊ ၁၇ ရက်မှာလည်း ၂ရက်ဆက်တိုက်မီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေကို တောင်သာ ပကဖဒရုန်းတပ်ဖွဲ့ ၊ မြင်းခြံခရိုင်ဒရုန်းတပ်ရင်း (MDDS )၊ မြင်းခြံခရိုင်ရင်း၃၊ ၄၊ ၈ မလိုင်ပကဖ တို့ပူးပေါင်းပြီး ဒရုန်းနဲ့ဗုံးချပြီးနောက် ပြောက်ကျားနည်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဇူလိုင် ၁၈ ရက်  မနက် ၉ နာရီဝန်းကျင်လောက်မှာ ပူပေါင်းတပ်ဖွဲ့တွေက အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲဘော်တွေ မျက်မြင်အရ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး  မိုင်း ၈ လုံးထပ်မံခွဲခဲ့ရာ အထိခိုက်အသေဆုံးများနိုင်တယ်လို့လည်း တောင်သာပြည်ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆိုပါတယ်။ 

အဲဒီနေ့ နေ့လယ်ပိုင်းမှာ စစ်အုပ်စုဘက်က သေဆုံးအလောင်းနဲ့ ဒဏ်ရာရ တပ်သားတွေကို ထမ်းစင်နဲ့ ထမ်းပြီး ဇရက်ကြီးရွာကနေ တောင်သာမြို့ကို ပြန်ဆုတ်ခွာသွားတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ ခရိုင်ဒရုန်းTeam၊ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာပကဖ၊ တောင်သာပလဖ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃၊ ၄၊ ၈၊ ၉၊ မလှိုင် ပကဖအဖွဲ့ နဲ့ နွားထိုးကြီး ပကဖအဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

တောင်သာနယ် ဇရက်ကြီးကျေးရွာကို စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ မန်းနန်းတွင်းတပ်၊ တောင်သာ၊ မိတ္ထီလာဘက်က တပ်တွေဖြစ်ကြပြီး တိုက်ပွဲအတွင်း ဇရက်ကြီးကျေးရွာက နေအိမ် ၂၉ လုံးကို မီးရှိုးဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#တောင်သာ #ဇရက်ကြီးရွာ #စစ်အုပ်စု #စစ်ကြောင်းထိုး #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10