ဇီးကုန်းမြို့ကလူငယ်တွေ နေ့စဥ်ဆိုသလိုဖမ်းဆီးခံနေရ

ဇီးကုန်းမြို့ကလူငယ်တွေ နေ့စဥ်ဆိုသလိုဖမ်းဆီးခံနေရ

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့မှာစစ်ကောင်စီက ဒီဇင်ဘာလဆန်းပိုင်းကစလို့ နေ့စဥ်ဆိုသလိုလူငယ်တွေကိုဖမ်းစီး စစ်ဆေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီကအခုလို ဖမ်းဆီးတာ​ကြောင့်လူငယ်တွေအဟာ နေအိမ်မှာမအိပ်ရဲပဲတိမ်းရှောင်နေကြကြောင်း သိရပါတယ်။

"မြို့ပေါ်ကလူငယ်တွေစစ်ကောင်စီကနေ့စဥ်ဆိုသလိုဖမ်းတာကိုခံနေရတယ် နှစ်ရက်သုံးကြာရင်ပြန်လွှတ်တယ် ဘာမှမဟုတ်ဘူးမဲမဲမြင်ရာ ဖမ်းနေကြတာအခုလူငယ်တွေက အိမ်မှာတောင်ရဲရဲမနေရဲကြဘူးအခုဆို ၈ဦး၉ဦးလောက်ရှိနေပြီ မြို့ပေါ်ရပ်ကွက်က ကလေးတွေအများစုပဲ"လို့ မြို့ခံတဦးကပြောပါတယ်။

ဇီးကုန်းမြို့မှာရပ်ကွက် ၅ ခုရှိကြောင်း ဖမ်းဆီးခံရသူအများစုဟာ အပစ်မရှိသူတွေဖြစ်ကြောင်း အခုလိုဖမ်းဆီးခံရတဲ့အတွက် ကလေးငယ်တွေအပြင် မိဘများပါစိုးရိမ်ထိတ်လန့်နေကြောင်းနဲ့ဖမ်းဆီးစစ်မေးခံရသူတွေဟာ ပြန်လွှတ်လာချိန်မှာလည်း ကြောက်ရွံ့စိတ်တွေများနေတာကိုတွေ့ရကြောင်း ဖမ်းဆီးခံရသူနဲ့နီးစပ်သူတဦးကမြေလတ်အသံကိုပြောတယ်။

အခုလိုလူငယ်တွေဖမ်းဆီးခံရတာဟာဇီးကုန်းPDFက အုပ်ချုပ်ရေးမှူးတွေကိုလာမယ့်ဒီဇင်ဘာ၁၅ရက်နေ့အထိနောက်ဆုံးထားနုတ်ထွက်ကြရန် သတိပေးထားတဲ့အတွက်စစ်ကောင်စီကအခုလိုလိုက်လံဖမ်းဆီးနေတာလည်း ဖြစ်နိုင်ကြောင်း မြို့ခံတချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10