သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ရှောင်နေရတဲ့ ကျေးရွာ ၄ ရွာက ဒေသခံ ၁၃၃ ဦးကို နွေဦးတော်လှန်ရေးသပိတ်အင်အားစုနဲ့ ပြည်သူတွေဦးဆောင်ပြီး အခမဲ့လိုက်လံဆေးကုသပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၁ ရက် မနေ့က မနက် ၇ နာရီလောက်မှာ သပိတ်အင်အားစုအဖွဲ့ နဲ့အတူ CDM ဆရာဝန်၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေက စစ်ရှောင်နေရတဲ့ ဒေသခံတချို့ကို လိုက်လံကုသပေးပြီး လူနာ ၈ ဦးကိုလည်း အသေးစားခွဲစိပ်ကုသပေးခဲ့တယ်လို့ နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ ကိုပြည့်အောင်နိုင် က ပြောပါတယ်။
“ဆေးဝါးအခက်အခဲကြောင့် ဒီလထဲမှာ စစ်ဘေးရှောင်တွေကို Mobile ကုပေးတာ ပထမအကြိမ်ပါ။ မနေ့က သွားကုပေးလိုက်တာ ညနေ ၄ နာရီလောက်မှပြီးတယ်။ စစ်ရှောင်နေရတဲ့ သူတွေထဲမှာ ဖျားတဲ့သူတွေ ၊ သွေးတိုးတက်တဲ့သူတွေ ၊ နှာစေး ၊ ချောင်းဆိုး ၊ ဒူးနာ ၊ ခါးနာ အစရှိတာတွေကို အခမဲ့ ကုသပေးခဲ့တယ်။ ရွာသား ၈ ယောက်ကိုလည်း အကျိတ်တွေ ခွဲစိတ်ပေးခဲ့တယ်” လို့ ဆိုပါတယ်။
ဆေးဝါးဈေးတွေ အဆမတန်မြင့်တက်နေတဲ့အပြင် ဆေးဝါးသယ်ယူရာမှာလည်း ခက်ခက်ခဲခဲသယ်ယူရခဲ့ရပါတယ်။ ဘယ်လိုပင်ဆေးဝါးတွေကို ခက်ခက်ခဲခဲသယ်ယူရပေမဲ့လည်း ကျန်ရှိနေသေးတဲ့ စစ်ဘေးရှောင်တွေကို တက်နိုင်သလောက် ကြိုးစားပြီ ကုသပေးသွားမယ်လို့လည်းဆိုပါတယ်။
“ဆေးဝါးတွေက အကုန်လိုတယ်ဗျ ၊ ဆေးတွေက စျေးကလည်း တက်တယ်။ ဒီကာလမှာ အခမဲ့ဆိုတာ ကုသပေးနိုင်ဖို့အတော့်ကို ရုန်းရတယ်။ အလှူရှင်တော့လိုတာပေါ့။ မနေ့က ကုသပေးတဲ့ဆေးတွေဆိုလည်း ကျနော်တို့ စုထားတဲ့ဆေးဝါးတွေပါ။ နောက်ထပ်လည်း ကျနော်တို့ ကြိုးစားပြီး ကုသပေးသွားမှာပါ ” လို့ အဆိုပါ တပ်ဖွဲ့ဝင်က ဆိုပါတယ်။
မေလ ၂၉ ရက်နေ့ကလည်း ကနီနယ်ထဲက မီးဘေးသင့်ကျေးရွာမှာ ပျက်စီးဆုံးရှုံးမှုများတဲ့ နေအိမ်တွေနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို ပြည်တွင်း ၊ ပြည်ပအလှူရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေတွေနဲ့ သွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ်။
ဒါ့အပြင် ကနီမြို့နယ်ထဲက စစ်ရှောင်ကလေးတွေအတွက် အချိန်မီစာသင်ကျောင်းဖွင့်လှစ်နိုင်ဖို့ စာသင်ဆောင် ၅ ဆောင် နဲ့ ယင်လုံအိမ်သာ ၃ လုံး ပြန်လည်တည်ဆောက်ရမှာဖြစ်လို့ အကူညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
စာတည်း - 007
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ကနီ #CDM #စစ်ဘေးရှောင် #ကုသရေး #ပညာရေး #ကျန်းမာရေးစောင့်ရှောက်မှု
Share Share Share