ညောင်ဂျစ်ပင် ပြည်သူစစ်ခေါင်းဆောင်အိမ်နဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူ - ကမ္မ လမ်းပေါ်ရှိ ညောင်ဂျစ်ပင်စစ်ဆေးဂိတ်နဲ့ အဲဒီရွာက ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်တို့ကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်မှာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှု ဩဂုတ် ၁၈ ရက် မနက်က တပြိုင်တည်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပခုက္ကူတပ်မ ၁၁၁ တပ်သားတွေနဲ့ ပြည်သူစစ် စုစုပေါင်း အင်အား ၅၀ လောက်ရှိတဲ့ ညောင်ဂျစ်ပင် စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ပြီး G 3 အမျိုးအစားသေနတ် ၁ လက်နဲ့ ကျည်အချို့သိမ်းဆည်းရမိခဲ့တယ်လို့ Young Force - UG တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်  ၁ နာရီကျော်ကြာပြီး စစ်ကောင်စီဘက်က စစ်ကူတွေရောက်ရှိလာလို့ ဂိတ်ကိုအပြီးသတ်မသိမ်းနိုင်ခဲ့ဘဲ ရွာထဲက ပြည်သူစစ်ခေါင်းဆောင်အိမ်နဲ့ ရိက္ခာအချို့ကိုတော့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုကို  ယင်းမာပင်ခရိုင် ဗျူဟာအမှတ် (၄၇) က ဦးဆောင်တိုက်ခိုက်ခဲ့ပြီး တော်ဝင်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ God Of Myaing၊  ပေါက်မြို့နယ် -YGF တပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ ၊ ဗိုလ်မီးတောက် ၊ Air Frighter (မြိုင်) ၊ KG ၊ ဗိုလ်စကား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ ThuRain-TR နှင့် Young Force UG တို့မှ ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#‌မြေလတ်အသံ

#‌ညောင်ဂျစ်ပင် #‌ပြည်သူစစ်ခေါင်းဆောင်အိမ် #‌စစ်ဆေးရေးဂိတ် #‌တိုက်ခိုက်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10