ညောင်တိုပျူရွာ တိုက်ခိုက်ခံရမှု ပျူ ၃ ဦးသေဆုံး၊ ၁၂ ဦးအရှင်ဖမ်းဆီး

ညောင်တိုပျူရွာ တိုက်ခိုက်ခံရမှု ပျူ ၃ ဦးသေဆုံး၊ ၁၂ ဦးအရှင်ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံမြို့နယ်၊ ညောင်တိုကျေးရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက်ရာမှာ ပျူ ၃ ဦး သေဆုံး၊ ၁၂  ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနက် ၅ နာရီခန့်မှာ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၃၀ ကျော်ရှိနေတဲ့ ညောင်တို ကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ 

"တိုက်ပွဲဖြစ်တာနဲ့ စကစဘက်က ခဏလောက်ပဲ ခံပစ်တယ်။ သူတို့ဆုတ်သွားတော့ ပျူတွေပဲ ကျန်ခဲ့တယ်။ သူတို့မှာတော့ လက်နက်မရှိဘူးလို့ သိရတယ်။ ရွာကိုတော့ ဝင်စီးနိုင်ခဲ့ပြီး ပျူခေါင်းဆောင်အိမ်ကို မီးရှို့ခဲ့တယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ပျူစောထီး ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့သလို ၁၂ ဦးဖမ်းဆီးရမိခဲ့ရာ ဖမ်းဆီးရမိသူတွေအနက် ၈ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်တွေဘက်က ပျုစောထီးရွာကို ဝင်စီးချိန် ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်နေအိမ်ကို မီးရှိူ့ခဲ့လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ညောင်တို ပျူစောထီးရွာကို PDF တွေဝင်ရောက်တိုက်ခိုက်ချိန် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ရဲ့ တူ ၂ ဦး (ပျူစောထီး)နဲ့ ဆေးဆရာတယောက်ကို ပစ်သတ်ကာ မီးထဲထည့်ရှို့ခဲ့တယ်လို့ ရေးသားထားကြပါတယ်။

ဒါ့အပြင် PDF တွေဘက်က မီးရှို့လို့ အုပ်ချုပ်ရေးမှူးနေအိမ်အပါအဝင် နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ် ရင်း ၃၊ မြင်းခြံခရိုင်တပ်ရင်း ၁ ၊ မြင်းခြံမြို့နယ် ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ မြင်းခြံခရိုင် တပ်ရင်း ၂ Taloke PDF  MGN 35 ၊ 8 Star ၊ BGF ၊ LACR ၊  FFGF ၊ အညာဖက်ဒရယ်၊ MP 9 ၊ မန္တလေးရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၅ ၊ တပ်ရင်း ၆ ၊ ညောင်ဦးခရိုင် တပ်ရင်း ၁ ၊ ကျေးရွာတပ်ပေါင်းစု (မြောင်) ၊ MS 9 Brothers ၊ သွေးသောက်၊ Wolf Brothers ၊ မြောင်ပလဖ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ ၊ CDSOM  001 ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

နိုဝင်ဘာ ၁၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားလို့ စခန်းကို အပြီးသတ်သိမ်းပိုက်မီးရှို့ပြီး အမျိုးသမီး စစ်သုံ့ပန်း ၁ ဦးနဲ့အတူ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်းဒေသကြီး #မြင်းခြံမြို့ #ညောင်တိုကျေးရွာ #ပျူစောထီးစခန်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10