သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ သမကျေးရွာနဲ့အေးရွာ ရွာချင်းဆက်လမ်းပေါ်မှာ ရဲအုပ်အဆင့်ရှိသူအမျိုးသမီး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ညောင်လေးပင်မြို့မရဲစခန်းက ရဲအုပ်ကေသီခိုင်ဟာ ဇွန်လ ၃ ရက် မနေ့မနက် ၉ နာရီခန့်မှာ သူနေထိုင်ရာ သမကျေးရွာကနေ ညောင်လေးပင်ရဲစခန်းကို ဆိုင်ကယ်နဲ့ သွားရောက်စဉ် အဆိုပါလမ်းပိုင်းမှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
"သူက သမရွာမှာနေတာ။ နေ့တိုင်းရဲစခန်းကို ဆိုင်ကယ်နဲ့အသွားအပြန်လုပ်တယ်လို့ သိရတယ်။ အဲဒါကိုသိတဲ့ PDF အဖွဲ့တွေဘက်က စောင့်ဆိုင်းပစ်ခတ်သွားတာနေမယ်"လို့ ညောင်လေးပင်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရလို့ ရဲအုပ်ကေသီခိုင်မှာ နောက်ကျောနဲ့ဦးခေါင်းတွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
" သူတို့(ရဲအုပ်)သားအဖက ဒေသခံလယ်တွေကိုမတရားသိမ်းပြီးပြန်ရောင်းစားတာကို ဒေသခံတွေ တိုင်တန်းချက်အရ စစ်ဆေးပြီး ရှင်းလင်းခဲ့တာဖြစ်တယ်။ ၃ ချက်ပစ်ခတ်ခဲ့တယ် နောက်ကျောနှစ်ချက်နဲ့ ခေါင်းတချက်" လို့ 9 star UG bago အဖွဲ့တာဝန်ခံက ပြောပါတယ်။
ရဲအုပ်အမျိုးသမီးပစ်သတ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်နဲ့ရဲတွေပေါင်းပြီး သမကျေးရွာနဲ့ အေးကျေးရွာအနီးဝန်းကျင်မှာ ဒေသခံတွေနဲ့လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတင်းကြပ်တာတွေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ နှင်းဝိကျေးရွာအနီး သံတံတားမှာ ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ဝင်းနဲ့အဖွဲ့ပစ်ခတ်ခံရပြီး အုပ် ချုပ်ရေးမှူးနဲ့ ပျူစောထီးတဦးဒဏ်ရရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း- ဟိန်းစံ။
#မြေလတ်အသံ
#ညောင်လေးပင် #မြို့မရဲစခန်း #ရဲအုပ် #ပစ်သတ်ခံရ #9starUG #သတင်းတို
Share Share Share