တန်ဆည်မြို့မရဲစခန်းက ရဲဒုတပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်

တန်ဆည်မြို့မရဲစခန်းက ရဲဒုတပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မရဲစခန်းက ရဲဒုတပ်ကြပ်တဦး လက်နက်ခဲယမ်းတွေနဲ့အတူ သြဂုတ်လ ၂၀ ရက် ဒီမနက်ပိုင်းမှာ အလင်းဝင်လာတယ်လို့ Freedom Revolution Force (FRF) တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“မနက်ကသွားခေါ်ကြတာ။ အမည်ကတော့ သူလုံခြုံရေးအရ ထုတ်ဖော်ပြောလို့မရပါဘူး၊ ကျန်တာတွေကိုတော့ အဖွဲ့က စီစဥ်နေပါတယ်” လို့ Freedom Revolution Force (FRF) အဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

FRF နဲ့ မင်းကင်းတပ်ရင်း ၂ ပူးပေါင်းတပ်ဖွဲ့ဆီ အလင်းဝင်လာခဲ့တာဖြစ်ပြီး G3 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ 7.62 ကျည် ၁၇၃ တောင့်၊ 5.56 ကျည် ၁ တောင့်၊ 9 mm ပစ်စတိုကျည် ၇ တောင့်၊ ၉ လုံးရှော့ဂန်းကျည် ၁ တောင့်၊ လက်ပစ်ဗုံး ၁လုံး၊ လက်ထိပ် ၁ ခုလည်း သူနဲ့အတူပါလာတယ်လို့လည်း ဆိုပါတယ်။  

#မြေလတ်အသံ

#တန့်ဆည် #အလင်းဝင် #ရဲဒုတပ်ကြပ် #လက်နက်ခဲယမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10