သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် မတ်လ ၂၇ ရက်နေ့ တပ်ထောက်ခံပွဲလုပ်ပြီး ပြန်လာတဲ့ ဘီလူးစစ်ကြောင်းကို မတ်လ ၂၉ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်အတွင်း စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကူလာတဲ့ စစ်ကြောင်းကိုပါ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ National Revolutionary Guards ဒုတပ်ရင်းမှူး ဗိုလ်သူရိန်က ပြောပါတယ်။
"ဆားလင်းကြီးမြို့ပေါ်မှာ တပ်ထောက်ခံပွဲလုပ်ပြီးပြန်လာတဲ့ အင်အား ၁၅၀ ပါတဲ့ ဘီးလူးစစ်ကြောင်းကို ဆားလင်းကြီးမြို့မြောက်ဖက် နယ်ခြားကျောင်းအနီးမှာ မနက် ၇ နာရီမှာ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာ ခွေး ၁ ကောင်ချက်ခြင်းလဲသေသွားတာ မျက်မြင်တွေ့ခဲ့ရတယ်။ သူတို့ဘက်က ရမ်းသမ်းပစ်တယ်။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ ပြောက်ကျားစနစ်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့်ကြာခဲ့တယ်။ အဲ့ဒီစစ်ကြောင်းက ထန်းတောကြီးထဲမှာ ရှိနေသေးလို့ ကျနော်တို့က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တာမှာ လက်ပတောင်းရွာထဲကို ဝင်သွားတယ်" လို့ ပြောပါတယ်။