“တပ်ပျက်နေပြီ” - တပ်ပြေးတွေကို ရှေ့တန်းပြန်ပို့နေတဲ့ မြန်မာစစ်တပ် (ရုပ်သံဆောင်းပါး)

ယခုလပိုင်းတွေအတွင်း စစ်ကိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ဘက်က တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီရှိနေပါတယ်။

ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို အိန္ဒိယအစိုးရက မြန်မာစစ်တပ်ထံဆက်သွယ်ပြီး ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ 

အင်အားချိနဲ့နေတဲ့ မြန်မာစစ်တပ်က သူတို့လက်ထဲပြန်ရောက်လာတဲ့ တပ်သားတွေကို အရေးမယူဘဲ ရှေ့တန်းကို ထပ်လွှတ်ပြီး တိုက်ပွဲပြန်ဝင်ခိုင်းပါတယ်။ 

ရှေ့တန်းပြန်ရောက်တဲ့ တပ်သားတွေဟာ စစ်တိုက်ချင်စိတ်မရှိဖြစ်နေကြပြီး တပ်သားတချို့ဟာ သူတို့ရဲ့ရန်သူ တော်လှန်ရေးတပ်တွေထံ အညံ့ခံကာ ဘက်ပြောင်းခိုလှုံနေကြပါတယ်။ 

ရှေ့တန်းကို နောက်တကြိမ်ပြန်ရောက်သွားတဲ့ တီးတိန်မြို့ခလ ၂၆၉ က တပ်သား ၃ ဦးဟာ တိုက်ပွဲဝင်နေရင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဆီမှာ လက်နက်ချ အညံ့ခံလိုက်ကြပြီး မြန်မာစစ်တပ်ဟာ တပ်ပျက်နေပြီလို့ ပြောပြလာပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #သတင်း #စစ်တပ် #ထွက်ပြေး #နယ်စပ်ဖြတ်ကျော် #အိန္ဒိယ #တပ်ပျက် #လက်နက်ချ #အညံ့ခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10