တပ်မတော်နေ့ကို မထောက်ခံတဲ့အနေနဲ့ ချောက်မြို့ပေါ်မှာ PDF က မိုင်းခွဲ

တပ်မတော်နေ့ကို မထောက်ခံတဲ့အနေနဲ့ ချောက်မြို့ပေါ်မှာ PDF က မိုင်းခွဲ

စစ်ကောင်စီလုပ်တဲ့ တပ်မတော်နေ့ကို မထောက်ခံတဲ့အနေနဲ့ မကွေးတိုင်း ချောက်မြို့၊ အမှတ် ၄ နယ်မြေ၊ လွတ်လပ်ရေးရပ်ကွက်ထိပ် စစ်ကောင်စီအဖွဲ့တွေ သွားလာနေတဲ့နယ်မြေမှာ မိုင်းထောင်ပြီး အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ Chauk Guerrilla Force (C.G.F) အဖွဲ့ဆီက သိရပါတယ်။ 

မတ် ၂၆ ရက် တပ်မတော်နေ့အကြိုညမှာ ဒေသခံကာကွယ်ရေးတပ်တွေက ည ၈ နာရီလောက်မှာ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။  

“ထိခိုက်မှုကတော့မရှိပါဘူး၊ စစ်ကောင်စီကလုပ်တဲ့ တပ်မတော်နေ့ကို ကျနော်တို့က မထောက်ခံတဲ့ အတွက် ပြည်သူတွေလည်း အန္တရာယ်မထိခိုက်ရလေအောင် လူရှင်းတဲ့အချိန် မိုင်းဆင်ပြီးတော့ အဝေးထိန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” လို့ Chauk Guerrilla Force (C.G.F) ဗိုလ်ပေတက ပြောပါတယ်။

ဒီမိုင်းခွဲမှုကို Chauk Guerrilla Force (C.G.F)၊ ချောက်မြို့နယ်ပကဖ နဲ့ Burma Revolution Rangers တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိခိုက်မှုတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

မိုင်းကွဲပြီးနောက် ကင်းပုန်းဝပ်တဲ့နေရာကနေ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေ အကုန်လုံးထွက်လာပြီး လမ်းတွေပိတ်ကာ နယ်မြေရှင်းလင်းရှာဖွေရေးတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - PDF များ မိုင်းခွဲခဲ့သည့် နေရာ။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ချောက် #တပ်မတော်နေ့ #မထောက်ခံ #မိုင်းခွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10